ျမန္မာဘက္က ဟီ႐ိုအင္းေတြ ခိုးသြင္းတဲ့ မူးယစ္ဂိုဏ္းေတြကို တ႐ုတ္ ၿဖိဳခြင္း

0
129

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ဂြမ္ရွီေက်ာင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ေဒသမွာ နယ္စပ္တေလွ်ာက္ မူးယစ္ေဆးဝါး ဂိုဏ္းေတြကို ရဲက စီးနင္းၿဖိဳခြင္းခဲ့ရာမွာ ဟီ႐ိုအင္း ၂၅ ဒသမ ၇ ကီလိုဂရမ္ သိမ္းဆည္းရမိခဲ့ပါတယ္။

အဲဒီ စီးနင္းၿဖိဳခြင္းမႈကို ဂြမ္ရွီနဲ႔ တ႐ုတ္-ျမန္မာ နယ္စပ္ျပည္နယ္ ယူနန္တို႔က ရဲေတြ ပူးေပါင္းလုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး မူးယစ္ေဆးဝါးဂိုဏ္းနဲ႔ ဆက္စပ္တဲ့ သံသယရွိသူ ၂၀ ကိုလည္း ဖမ္းဆီးခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ေမလမွာ ဂြမ္ရွီျပည္နယ္၊ လ်ဴဇူၿမိဳ႕ရွိ မူးယစ္ေဆးဂိုဏ္းတစ္ဂိုဏ္းကို ၿဖိဳခြင္းခဲ့ပါတယ္။

စံုစမ္းစစ္ေဆးမႈေတြ အရ အဲဒီ ဂုိဏ္းဟာ သူတို႔ထက္ ႀကီးမားတဲ့ မူးယစ္ေဆးဂိုဏ္းႀကီး တစ္ခုနဲ႔ ဆက္ႏြယ္ေနေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။ အဲဒီဂိုဏ္းႀကီးဟာ ျမန္မာႏိုင္ငံက ဟီ႐ိုအင္းေတြကို ဂြမ္ရွီျပည္နယ္၊ နန္နင္းၿမိဳ႕ကို ပို႔ဖို႔ ႀကိဳးပမ္းစဥ္ မႏွစ္က ဒီဇင္ဘာလ ၁၃ ရက္နဲ႔ ၁၄ ရက္တို႔မွာ ဖမ္းဆီးၿဖိဳခြင္းႏိုင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာဘက်က ဟီရိုအင်းတွေ ခိုးသွင်းတဲ့ မူးယစ်ဂိုဏ်းတွေကို တရုတ် ဖြိုခွင်း

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ရှီကျောင်း ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသမှာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဂိုဏ်းတွေကို ရဲက စီးနင်းဖြိုခွင်းခဲ့ရာမှာ ဟီရိုအင်း ၂၅ ဒသမ ၇ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ စီးနင်းဖြိုခွင်းမှုကို ဂွမ်ရှီနဲ့ တရုတ်-မြန်မာ နယ်စပ်ပြည်နယ် ယူနန်တို့က ရဲတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်စပ်တဲ့ သံသယရှိသူ ၂၀ ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ဂွမ်ရှီပြည်နယ်၊ လျူဇူမြို့ရှိ မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကို ဖြိုခွင်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အရ အဲဒီ ဂိုဏ်းဟာ သူတို့ထက် ကြီးမားတဲ့ မူးယစ်ဆေးဂိုဏ်းကြီး တစ်ခုနဲ့ ဆက်နွယ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီဂိုဏ်းကြီးဟာ မြန်မာနိုင်ငံက ဟီရိုအင်းတွေကို ဂွမ်ရှီပြည်နယ်၊ နန်နင်းမြို့ကို ပို့ဖို့ ကြိုးပမ်းစဉ် မနှစ်က ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ဖမ်းဆီးဖြိုခွင်းနိုင်ခဲ့ပါတယ်။

?bph6