ကလေးအခွင့်အရေးအတွက် လုပ်ဆောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးကြဖို့ လှုပ်ရှားမှု ပြုလုပ်ဖို့ရှိနေ

ကလေးတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးကြဖို့ ကလေးတွေ အတွက် မဲပေးပါဆိုတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ MCN သတင်းထောက် ဟိန်းထက်က အခုလို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ အခွင့်အရေးအတွက်လုပ်ဆောင်ပေးမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးဖို့ ကလေးတွေအတွက် မဲပေးပါဆိုတဲ့ လှုပ်ရှားမှုတစ်ရပ်ကို တိုင်းဒေသကြီး ၄ ခုနဲ့ ရှမ်းပြည်နယ်တို့မှာ လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် အမတ်လောင်းတွေကို မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ ကလေးတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်ပေးမယ့်သူကိုသာ မဲပေးစေဖို့ မြို့နယ်အလိုက်လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
” ဒီရွေးကောက်ပွဲ အချိန်ကာလက ကျွန်မတို့ကို အခွင့်အလမ်းတွေ ပေးထားတယ်။ မြန်မာနိုင်ငံမှာ သုံးပုံတစ်ပုံက ကလေးတွေပါ။ ဒါပေမဲ့ သူတို့မှာ မဲပေးပိုင်ခွင့်လည်းမရဘူး၊ ပြောရေးဆိုခွင့်လည်း မရှိကြဘူး။ ဒါကြောင့်မို့ ဒီလိုအချိန်မှာ ကျွန်မတို့ သူတို့အတွက် အခွင့်အလမ်း တစ်ခုကို ဖန်တီးပေးချင်တယ်။ ဒါကြောင့်မို့ ကလေးတွေရဲ့ အသံ၊ ကလေးတွေရဲ့ ခံစားချက်၊ ကလေးတွေရဲ့ အတွေ့အကြုံ၊ ကလေးတွေရဲ့ မျှော်မှန်းချက်၊ ကလေးတွေရဲ့ တောင်းဆိုမှုတွေကို သိစေလိုတဲ့ ဆန္ဒနဲ့ ကျွန်မတို့ ဒီ Campaign လေးကိုလုပ်ကြမယ်ဆိုပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်” ဟု ဒေါ်ခင်ခင်ထွေး (ဒါရိုက်တာ) Heart of Youth မှ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကလေးတွေဟာ လက်ရှိလူနေမှု စနစ်အောက်မှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေရဲ့ ဖြစ်ပျက်နေတာတွေကို ကိုယ်တိုင်ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကလေးတွေအတွက် ဒီလူမှုစနစ် ကောင်းမွန်စွာ လည်ပတ်ဖို့ မူဝါဒရေးဆွဲမဲ့သူတွေကို တိုက်ရိုက်အကြံပေးပြီး အတွေ့အကြုံတွေကို တင်ပြကြရတာပါ။
” ၂၀၁၄ မှာ ကျွန်မတို့ ကနေပြီးတော့ Child Forum လုပ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အထက်ဗမာပြည်၊ အောက်ဗမာပြည် ပေါင်းပြီးတော့ Child Forum လုပ်ပါတယ်။ အဲ့ဒီမှာမှ ကျွန်မတို့ ကလေးတွေအသံတွေကို ထုတ်ဖော်ရတယ်။ ကလေးတွေကိုယ်တိုက်ပြောတဲ့ အသံထုတ်ဖော်ရတယ်။ အများကြီးရှိပါတယ် ဒါပေမဲ့ အဲ့အထဲကမှ အများဆုံး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကလေးလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် ကလေးအခွင့်အရေးနှင့် ကလေးဥပဒေ သိမြင်မှုပါပဲ။ ကျွန်မတို့ နိုင်ငံမှာ ကလေးအခွင့်အရေးရှိတယ်ဆိုတာ မသိကျသလို ကလေးဥပဒေမူရဲ့ သက်ဝင်မှုကလည်း အရမ်းအားနည်းနေပါတယ်။ ဒါကြောင့်မိုလို့ အဲ့ဒီခေါင်းစဉ် ၅ ခုနဲ့ ကျွန်မတို့ ဆွေနွေးမှာဖြစ်ပါတယ်” ဟု ဒေါ်ခင်ခင်ထွေး (ဒါရိုက်တာ) Heart of Youth မှ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီလိုလှုပ်ရှားမှုကိုတော့ ကလေးတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိအောင် ဆောင်ရွက်နေတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်း ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ NCRWG အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ကလေးတွေအတွက် မဲပေးပါဆိုတဲ့ လှုပ်ရှားမှုကိုတော့ NCRWG ရဲ့ အောက်မြန်မာပြည် လုပ်ငန်းအဖွဲ့က ဆောင်ရွက်သွားမှာ ဖြစ်သလို ကျန်တဲ့ဒေသတွေကိုလည်း အထက်မြန်မာပြည် လုပ်ငန်းအဖွဲ့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

adv_banner