မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပခွင့်ရတဲ့ အာဆီယံ လူငယ်ဖိုရမ် ၂၀၁၄

0
16

https://www.youtube.com/watch?v=ENJ2meFXfZE

မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပခွင့်ရတဲ့ အာဆီယံ လူငယ်ဖိုရမ် ၂၀၁၄ ကို ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အာဆီယံ လူငယ်ဖိုရမ် ၂၀၁၄ ထံ ပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ကိုယ်စားအနေနဲ့ ဖတ်ကြားပေးခဲ့သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကလည်း အမှာစကား ပြောကြားပေးတာပါ။ အာဆီယံ လူငယ်ဖိုရမ် ၂၀၁၄ ကို အာဆီယံ ဒေသတွင်း နိုင်ငံတစ်ခုစီက ကိုယ်စားလှယ် ၁၅ ဦးနှုန်းနဲ့ ၉ နိုင်ငံက ကိုယ်စားလှယ် စုစုပေါင်း ၁၃၅ ဦး တက်ရောက်နေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆိုရင်တော့  ပြည်နယ်နဲ့ တိုင်းဒေသကြီး တစ်ခုစီက ကိုယ်စားလှယ် ၅ ဦးနှုန်းနဲ့ ၇၀ ဦးတက်ရောက်ပြီး စုစုပေါင်း ကိုယ်စားလှယ် ၃၀၀ နီးပါး တက်ရောက်နေတာပါ။ ဒီဆွေးနွေးပွဲမှာဆိုရင်တော့ ဒေသတွင်း ငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ ရွှေ့ပြောင်းအလုပ်သမားကိစ္စတွေနဲ့အတူ ပညာရေးကိစ္စတွေစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြဖို့ ရှိနေတာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေကနေ ရရှိတဲ့ သဘောတူညီချက် တွေကို အာဆီယံအဖွဲ့ကြီးနဲ့ သက်ဆိုင်ရာအစိုးရတွေနဲ့အတူ အာဆီယံပြည်သူဖိုရမ်တွေကို ပေးပို့ သွားဖို့ ရှိနေတာဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here