ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ကို နတ်မောက်မြို့မှာ ကျင်းပဖို့စီစဉ်

0
9

https://www.youtube.com/watch?v=r3HXVTz8LdQ

 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်သည့် နှစ်တစ်ရာပြည့်မွေးနေ့ကို မွေးရပ်ဇာတိဖြစ်သည့် နတ်မောက်မြို့တွင် မိသားစုဝင်တွေနဲ့ ပြည်သူတွေက စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားဖို့ရှိနေကြသည်။

ဒီမွေးနေ့ နှစ်တစ်ရာပြည့်ပွဲကို နတ်မောက်မြို့မှာ ကျင်းပနိုင်ရန်အတွက် ရွှေသံစဉ်ဂီတဖောင်ဒေးရှင်နဲ့ THE ACTION TIMES FOUNDATION တို့ပူးပေါင်းပြီး ဂီတဖျော်ဖြေကာရန်ပုံငွေရှာဖွေပေးမယ်အကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗားလမ်းမှာရှိတဲ့ CITY STAR HOTEL မှာ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ကြသည်။

အင်တာဗျူး။     ။ဦးတက်တိုး (ခ) ဦးမြင့်ဦး(ဘဏ္ဍာငွေ ရှာဖွေရေးအတွင်းရေးမှူး)

ကျွန်တော်တို့မြန်မာပြည် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လူသေပေမယ့် နာမည် မသေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို နောင်လာနောင်သား မြန်မာပြည်သူတွေ ကိုယ့်ရဲ့ကျေးဇူးရှင် လွတ်လပ်ရေး ဗိသုကာ ရှင် ကိုယ့်ရဲ့ခေါင်းဆောင်ကြီး ထပ်ပြောရရင် စထ္တုထမြန်မာနိုင်ငံတော်ကြီးကို ထူထောင်သွားတဲ့ သူကြီး အကြောင်းကို မမေ့သင့် မမေ့အပ်လို့ ကျွန်တော်တို့ နတ်မောက်သူ နတ်မောက်သားများအနေနဲ့ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ ဘဏ္ဍာငွေရှာဖွေရေး အတွင်းရေးမှူး ဦးမြင့်ဦးက ပြောသည်။

ဒီမွေးနေ့ပွဲကျင်းပဖို့အတွက် လိုအပ်သည် ရန်ပုံငွေတွေကို နိုဝင်ဘာလ ၁၉ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ထိရွှေသံစဉ်ဖောင်ဒေးရှင်းနဲ့ အက်ရှင်တိုင်းဖောင်ဒေးရှင်းတို့က လိုက်လံကောက်ခံသွားမှာဖြစ်သည်။

အမတို့ဖောင်ဒေးရှင်းက အများစုအတွက် လုပ်နေတဲ့ ဖောင်ဒေးရှင်းတွေဖြစ်တဲ့အတွက် ဒါမဖြစ်မနေ လုပ်ရမဲ့တာဝန်ရှိတယ်လေ။ အဲ့မှာရွှေသံစဉ်ဖောင်ဒေးရှင်းနဲ့ အစ်မတို့နဲ့က အမြဲသွားနေကျဆိုတော့လေ အစ်မတို့ကို ကမ်းလှမ်းလာတယ်။ ဒီကော်မတီက လှမ်းပြီးတော့ သူတို့ရန်ပုံငွေလိုအပ်နေတယ်တဲ့ လုပ်မဲ့အဖွဲ့တွေကလည်း လောလောဆယ်မှာပုံစံမျိုးစုံနဲ့ လာနေပေမယ့် လောက်ငှမှုမရှိသေးဘူး၊ ရန်ပုံငွေအတွက် အတွက်တိုင်ပင်ဖြစ်တယ် တိုင်ပင်တော့ ရှမ်းပြည်ခရီးစဉ်က လည်း သွာနေကျလေ အဲတော့ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အထိရောက်ဆုံးနဲ့ ရန်ပုံငွေရှာဖို့က ဒီနည်းလမ်းဘဲရှိတော့ ဒီဂီတနဲ့ အကုန်ခံမယ်လို့ လုပ်လိုက်တာပါလို့ Action Time Foudatoin မှ အတွင်းရေးမှူး မအိနြေ္ဒ ပြောသည်။

ဒီမွေးနေ့ပွဲကို နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်မှာ ၂၀၁၅ခုနှစ် ဖေဖ၀ါရီလ ၆ ရက်နေ့ကနေ ဖေဖ၀ါရီလ ၁၃ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီးဗိုလ်ချုပ်စာသင်ခဲ့တဲ့ ဘုန်းကြီးကျောင်းက သံဃာတော်တွေကို အာရုံဆွမ်းနဲ့ နေ့ဆွမ်းတွေကို ကပ်လှူခြင်းနဲ့ အခြား အစီအစဉ်တွေကိုပါ ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here