ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပွဲကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ လူငယ်တွေ ပူးပေါင်းကျင်းပ

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပွဲကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ လူငယ်တွေက AIDS ရောဂါနှင့် ပတ်သက်သည့် ဟောပြောပွဲ၊ တေးသီချင်းသီဆိုဖျော်ဖြေမှုတွေ၊ ပညာပေး အငြိမ့်အစီ အစဉ်တွေကို ဒီဇင်ဘာလ (၁)ရက်နေ့က ကန်တော်ကြီးဥယျာဉ်ထဲတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

ဒါက HIV World AIDs Day ဆိုတော့ ကျွန်တော့် အနေနဲ့ ဒီပွဲမျိုးလဲတစ်ခါမှ မစီစဉ်ဘူးဖူးကြောင်း၊ ဒါပေမယ့် ကျွန်တော်တို့ ဒီအတွေ့အကြုံရှိတဲ့သူတွေနဲ့ တိုင်ပင်တဲ့အခါ ပွဲဖြစ်လာခြင်းဖြစ်ကြောင်း။ ဒီမနက်အစောကြီး အိပ်လို့တောင်မရတော့ဘူး။ ဘာလို့လဲဆိုတော့ စိတ်ထဲမှာ တကယ်ဖြစ်လာပြီလို့ ပွဲစီစဉ်သူ ကိုမွန်ထွန်းခိုင်က ပြောကြားသည်။

ဒီပွဲကို လာရောက်ကြသည့် လူငယ်တွေက HIV ရောဂါပိုး ကူးစက်ခံရတဲ့ သူတွေကို အားငယ်မှု မရှိစေရန်၊ ဖေးမ စောင့်ရှောက်မှုတွေ လုပ်ဖို့ အသိပညာပေး စာရွက်တွေ ဝေငှခဲ့ကြသည့်အပြင် အခြားအသိပေး ပညာပေး ပြောကြားမှု တွေကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကျွန်တော်တို့သိထားတဲ့ ဘုရားသခင် ပေးထားတဲ့ Keys to talent တွေပေါ့ ဒီလူသားချင်း အားနည်းနေတဲ့ သူတွေကို ဒီအားသားတဲ့ လူတွေက မနှိပ်ဘဲနဲ့ ကုညီဖေးမဖို့အတွက် ကျွန်တော်တို့ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားထားဖို့ လိုအပ်မယ်လို့ ဖြည့်စွက်ချင်ပါတယ်။လို့ အဆိုတော် ကိုကီးမာက ပြောသည်။

ကမ္ဘာပေါ်မှာ HIV ရောဂါပိုး ကူးစက်ခံရသူပေါင်း ၃၃ မီလျှံကျော်ခံစားနေရပြီး ၊ နေ့စဉ်တိုင်းမှာလည်း လူပေါင်း ၄၀ ကနေ ၆၀ အထိ အဲဒီရောဂါကြောင့် သေဆုံးနေကာ မြန်မာနိုင်ငံမှာတော့ HIV ပိုး ကူးစက်ခံနေရသူ လူ ၅ သိန်းရှိတယ်လို့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေက စစ်တမ်းထုတ်ပြန်ထားသည်။

adv_banner
adv_banner