Weekly Worker Program
0
93
မင်္ဂလာပါရှင်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလုပ်သမား ရေးရာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင့်။ ဒီသတင်းပတ်ရဲ့ အလုပ်သမားရေးရာ အစီအစဉ်ကနေ တင်ဆက်ပေးသွားမယ့် ပြည်တွင်း ပြည်ပက အလုပ်သမားရေးရာ သတင်းတွေမှာဆိုရင်တော့ …
■ ဒစ်ဂျစ်တယ်နည်းပညာအသုံးချပြီး အလုပ်အကိုင်ရှာဖွေနိုင်ဖို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ အင်အားဝန်ကြီးဌာနက လုပ်ဆောင်ပေးနေတဲ့သတင်း
■ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အခြေခံဥပဒေမှာ ထည့်သွင်းသင့် မသင့်ကို အလုပ်သမားညီလာခံမှာ ဆုံးဖြတ်သွားမယ့်အကြောင်း
■ နှစ်နိုင်ငံချစ်ကြည်ရေးအရ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးနေတဲ့သတင်း
စတဲ့ ပြည်တွင်းက အလုပ်သမားရေးရာ သတင်းတွေနဲ့အတူ၊ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့သတင်းတွေနဲ့အတူ ရုပ်သံမှတ်တမ်း အစီအစဉ်တွေကိုလည်း ရှု့စားကြမှာဖြစ်ပါတယ်။ ဒီသတင်းပတ်ရဲ့ ရုပ်သံမှတ်တမ်း အစီအစဉ်မှာတော့ ပဲခူးတိုင်း ဒေသကြီးအတွင်းက ဆားလုပ်ငန်းလုပ်ကိုင်နေသူတွေ အကြောင်းကို ရုပ်/သံမှတ်တမ်းအဖြစ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
?bph6