၂၀၁၉ မှာ NLD အစိုးရ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ကျဆင်းအောင် ဆောင်ရွက်ပေးစေလို

0
94





၂၀၁၉ ခုနှစ်အတွင်း NLD အစိုးရအနေနဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ကုန်ဈေးနှုန်းတွေကို ကျဆင်းအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ အိမ်ရှင်မတွေကိုယ်စား အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်သိမ်းအေးက တောင်းဆို လိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ပြည်သူ့အသံအစီအစဉ်အတွက် နှစ်သစ်ကူးမျှော်လင့်ချက်တွေကို မေးမြန်းရာမှာ ဒေါ်သိမ်းအေးက အဲ့ဒီလို တောင်းဆိုလိုက်တာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ အခြေခံ စားသောက်ကုန်တွေရဲ့ ကုန်ဈေးနှုန်းတွေ မြင့်မာလာမှုကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် မနည်း ချင့်ချိန် အသုံးပြုနေရတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ အကြပ်အတည်းကို ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။

?bph6