၂၀၁၉ မှာ ဦးဖြိုးမင်းသိန်းရဲ့ YBS တွေကို ဈေးသည်တွေ စီးနှင်းခွင့်လေး ရစေချင်တယ်

0
115





၂၀၁၉ ခုနှစ်အတွင်း ပဲပြုတ်သည်တွေ အပါအဝင် အခြားဈေးသည်တွေကို ဦးဖြိုးမင်းသိန်းရဲ့ YBS တွေ စီးနှင်းခွင့်လေး ရစေချင်တယ်လို့ ပဲပြုတ်သည် တစ်ဦးဖြစ်တဲ့ ဒေါ်နီနီက ဘဝတူ ဈေးသည်တွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ပြည်သူ့အသံအစီအစဉ်အတွက် နှစ်သစ်ကူးမျှော်လင့်ချက်တွေကို မေးမြန်းရာမှာ ပဲပြုတ်သည် ဒေါ်နီနီက အဲ့ဒီလိုပြောကြားလိုက်တာပါ။

YBS တွေက ပဲပြုတ်သည်တွေကို မတင်တာကြောင့် မနက်ပိုင်းမှာ Taxi စီးနေရပြီး အပြန်မှာလည်း ကြားကားတွေကို အသက်လုစီးနင်းကာ ခက်ခဲစွာနဲ့ အသက်မွေးနေကြရတယ်လို့ ပဲပြုတ်သည် ဒေါ်နီနီက ပြောကြားလိုက်ပါတယ်။

?bph6