NLD အစိုးရ “ပြောင်းလဲဖို့ အချိန် တန်ပြီ” ဆိုတာထက် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ လုပ်သင့်နေပြီ

0
77





အခွင့်အရေးဆုံးရှုံးနေတဲ့ အလုပ်သမားနဲ့ လယ်သမားလူတန်းစားအတွက် NLD အစိုးရအနေနဲ့ “ပြောင်းလဲဖို့ အချိန် တန်ပြီ” ဆိုတာထက် ၂၀၁၉ အတွင်းမှာ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ လုပ်သင့်နေပြီလို့ အလုပ်သမားနဲ့ လယ်သမားအခွင့်အရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးဌေးက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ပြည်သူ့အသံအစီအစဉ်အတွက် နှစ်သစ်ကူးမျှော်လင့်ချက်တွေကို မေးမြန်းရာမှာ ဦးဌေးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် အခွင့်အရေးဆုံးရှုံးနေတဲ့ အလုပ်သမားနဲ့ လယ်သမားလူတန်းစားတွေကို နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ခွင့် မပေးရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း မရရှိနိုင်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးလည်း အရာထင်လာမှာ မဟုတ်ဘူးလို့လည်း ဦးဌေးက NLD အစိုးရကို သတိပေး ပြောကြားထားပါတယ်။

?bph6