အစိုးရနဲ့ သတင်းမီဒီယာတွေ တရားတဘောင် ဖြစ်ကြတာ မကြားချင် မမြင်ချင်ဟုဆို

0
125




●———————————————

၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန် အစိုးရနဲ့ သတင်းမီဒီယာတွေ တရားတဘောင် ဖြစ်ကြတာ မကြားချင် မမြင်ချင်ဘူးလို့ မန္တလေးအခြေစိုက် စာရေးဆရာ ဆရာညီပုလေးက ပြောကြားလိုက်ပါတယ်။

Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် MCN သတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ဆရာညီပုလေးက ပြောကြားလိုက်တာပါ။

ဒါအပြင် ရွေးကောက်ပွဲမတိုင်ခင် ဖိနှိုပ်မှု ပုံသဏ္ဍာန်မျိုးစုံနဲ့ ပေါ်ပေါက်လာနိုင်တယ်လို့လည်း ဆရာညီပုလေးဆိုပါတယ်။ လက်ရှိအခြေအနေမှာလည်း နည်းလမ်းရှာဖွေပြီး ပြေလည်အောင် ဆောင်ရွက် ပေးစေချင်တယ်လို့လည်း ဆရာညီပုလေးက ပြောပါတယ်။

?bph6