“မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး” ကုမ္ပဏီရဲ့ အစုရှယ်ယာဝင်တွေ စိုးရိမ် ထိတ်လန့် ခဲ့ရတယ်ဆိုတာ အကြောင်းပြချက်ဟုဆို

0
126





●———————————————

ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်တဲ့ Weekly Eleven ဆောင်းပါးကြောင့် “မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး” အများနှင့် သက်ဆိုင်သောကုမ္ပဏီရဲ့ တာဝန်ရှိသူတွေနဲ့ အစုရှယ်ယာဝင်တွေ စိုးရိမ် ထိတ်လန့် ဖြစ်ခဲ့ရတယ်ဆိုတာ အကြောင်းပြချက်သာ ဖြစ်တယ်လို့ မန္တလေးအခြေစိုက် (ဘီဘီစီ သတင်းဌာနရဲ့ မြန်မာပိုင်း) သတင်းထောက် ကိုနေလင်းက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ သီးခြားတွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

Weekly Eleven ဆောင်းပါးကြောင့် ဘယ်လိုဂယက်မျိုးမှ ထခဲ့တာမျိုးမရှိတာကြောင့် စိုးရိမ် ထိတ်လန့် ဖြစ်ခဲ့ရတယ်ဆိုတာ မဖြစ်နိုင်တာလို့လည်း သူက ပြောပါတယ်။

ဒါအပြင် ရန်ကုန်တိုင်ဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာကို ပုဒ်မ ၅၀၅ (ခ) လို ပုဒ်မမျိုးနဲ့ တရားဆွဲတာကို လက်ခံနိုင်စရာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

?bph6