?bph6

Place your ads here!

Myanmar Songs ရဲ့ အင်တာနက်ဝက်ဆိုက်လ်အကြောင်း

ပြည်တွင်းကထွက်ရှိတဲ့ တေးအယ်ဘမ်လ်တွေကို နားထောင်မယ့် Myanmar Songs ရဲ့ အင်တာနက်ဝက်ဆိုက်လ်အကြောင်းကိုမိတ်ဆက်အနေနဲ့ တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းက ထွက်ရှိတဲ့ တေးအယ်ဘမ်လ်တွေကို တင်ပြထားပေးမယ့် Myanmar Songsရဲ့ အင်တာနက် ၀က်ဆိုက်လ်လိပ်စာကတော့ www.myanmarsongs.net ဖြစ်ပါတယ်။ ဒီဝက်ဆိုက်မှာ နောက်ထပ်ထွက်ရှိ ထားတဲ့ တေးအယ်ဘမ်တွေကို တင်ထားပေးသလို ပရိသတ်တွေကြားထဲ အောင်မြင်မှုရရှိနေတဲ့ တေးအယ်ဘမ်တွေကိုလည်း တင်ထားပေးတာဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးပိုင်းတွေ နှစ်သက်တဲ့ မြန်မာပြည်သိန်းတန်၊ စိုင်းထီးဆိုင် စတဲ့ တေးသံရှင်တွေရဲ့ တေးသီချင်းတွေကိုလည်း တင်ထားပေးတာ ဖြစ်ပါတယ်။ ၀က်ဆိုက်ကို ၀င်ရောက်အသုံးပြုသူတွေအတွက် တေးသီချင်းတွေကို ရှာဖွေရာမှာ အဆင်ပြေစေဖို့ အတွက် တေးအယ်ဘမ်တွေအလိုက် ခွဲခြားထားသလို တေးသံရှင်တွေအလိုက်လည်း ခွဲခြားထားပေးတာဖြစ်ပါ တယ်။ မြန်မာသီချင်းတွေကို နှစ်သက်ကြတဲ့ ပြည်တွင်းပြည်ပက ပရိသတ်တွေအတွက် အသုံးဝင်မယ့် အင်တာ နက် ၀က်ဆိုက်လ်အဖြစ် မိတ်ဆက်တင်ပြပေးလိုက်ရပါတယ်။

adv_banner