လႊတ္ေတာ္ နာယကေတြကို ဥပေဒေဖာက္ဖ်က္မႈနဲ႔ တာ၀န္ကေန ျပန္လည္႐ုပ္သိမ္းေရး ေဆာင္ရြက္မယ္

0
384

● ျပည္ေထာင္စုလႊတ္ေတာ္ နာယကေတြကို လႊတ္ေတာ္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒနဲ႔အညီ ဥပေဒေဖာက္ဖ်က္မႈနဲ႔ တာ၀န္ကေန ျပန္လည္႐ုပ္သိမ္းဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ပံု ၁ ပံုက လက္မွတ္ေရးထိုးၿပီး လႊတ္ေတာ္ကို တင္သြင္းသြားမယ္လို႔ ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရး USDP ပါတီက ေျပာၾကားလိုက္ပါတယ္။

● ႀကံ့ခိုင္ေရးပါတီက တင္သြင္းထားတဲ့ ဒုတိယအႀကိမ္ေျမာက္ အေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ဥပေဒနဲ႔အညီ ဆက္လက္မေဆာင္ရြက္ပဲ မၾကာခင္က ဖြဲ႔စည္းထားတဲ့ အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို လႊဲအပ္ခဲ့မယ္ဆိုရင္ ဥပေဒနဲ႔ မညီတာေၾကာင့္ အဲ့ဒီလို ေဆာင္ရြက္သြားမယ့္ အေၾကာင္း ႀကံ့ခုိင္ေရးပါတီက ေျပာၾကားလိုက္တာပါ။

● ျပည္ေထာင္စုႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးနဲ႔ MCN သတင္းဌာန သီးသန္႔ျပဳလုပ္တဲ့ အထူးဆက္သြယ္ေမးျမန္းခန္းကို ေျဖၾကားစဥ္ အဲ့ဒီလို ေျပာၾကားလိုက္တာပါ။

● မတ္လ ၅ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ ႀကံ့ခိုင္ေရးပါတီက တင္သြင္းထားတဲ့ ဒုတိယအႀကိမ္ေျမာက္ အေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းနဲ႔ပတ္သက္ၿပီး ဥပေဒၾကမ္း ပူးေပါင္း ေကာ္မတီက အစီရင္ခံစာ တင္သြင္းဖို႔ ရွိေနတာျဖစ္ပါတယ္။

● အဲ့ဒီ အစီရင္ခံစာမွာ ႀကံ့ခုိင္ေရးပါတီက တင္သြင္းထားတဲ့ ဒုတိယႀကိမ္ေျမာက္ အေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းမွာ အဓိက ပါ၀င္တဲ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ေတြ ခန္႔အပ္ေရးနဲ႔ ဆိုင္တဲ့ ပုဒ္မ ၂၆၁ ကို ဆက္လက္ေဆာင္ရြက္ေရး အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို လႊဲအပ္ဖို႔ ရွိေနတာပါ။

● ဒီလိုေဆာင္ရြက္မႈဟာ အေျခခံဥပေဒအပါအ၀င္ လႊတ္ေတာ္ ဥပေဒ နည္းဥပေဒေတြနဲ႔ ကိုက္ညီမႈ မရွိတဲ့ ကိစၥအျဖစ္ ႀကံ့ခုိင္ေရးပါတီက ေ၀ဖန္ေနတာ ျဖစ္ပါတယ္။


● ပြည်ထောင်စုလွှတ်တော် နာယကတွေကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ပြောကြားလိုက်ပါတယ်။

● ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဒုတိယအကြိမ်မြောက် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေနဲ့အညီ ဆက်လက်မဆောင်ရွက်ပဲ မကြာခင်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှဲအပ်ခဲ့မယ်ဆိုရင် ဥပဒေနဲ့ မညီတာကြောင့် အဲ့ဒီလို ဆောင်ရွက်သွားမယ့် အကြောင်း ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်တာပါ။

● ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနဲ့ MCN သတင်းဌာန သီးသန့်ပြုလုပ်တဲ့ အထူးဆက်သွယ်မေးမြန်းခန်းကို ဖြေကြားစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

● မတ်လ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဒုတိယအကြိမ်မြောက် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အစီရင်ခံစာ တင်သွင်းဖို့ ရှိနေတာဖြစ်ပါတယ်။

● အဲ့ဒီ အစီရင်ခံစာမှာ ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဒုတိယကြိမ်မြောက် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အဓိက ပါဝင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကို ဆက်လက်ဆောင်ရွက်ရေး အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှဲအပ်ဖို့ ရှိနေတာပါ။

● ဒီလိုဆောင်ရွက်မှုဟာ အခြေခံဥပဒေအပါအဝင် လွှတ်တော် ဥပဒေ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု မရှိတဲ့ ကိစ္စအဖြစ် ကြံ့ခိုင်ရေးပါတီက ဝေဖန်နေတာ ဖြစ်ပါတယ်။