ခြေ/ဥ ကော်မတီ ကိုယ်စားလှယ်စေလွှတ်ဖို့ ကြံ့ခိုင်ရေးပါတီ ယာယီဆိုင်းငံ့

0
113






● ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦးကို တက်ရောက်ခွင့် မပြုခဲ့တာကြောင့် ကိုယ်စားလှယ်တွေ အမည်စာရင်း ပေးပို့ဖို့ပါ ပါတီက ဆိုင်းငံ့ထားလိုက်ပါတယ်။

● ပါတီက အမည်စာရင်းတင်သွင်းဖို့ ခွင့်ပြုထားပြီးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က ဦးသိန်းထွန်းနဲ့ ဒေါ်နန်းနီနီအေးတို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ကော်မတီအစည်းအဝေးကို တက်ရောက်ခွင့် မပြုခဲ့တာကြောင့် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းဖို့ပါ ပါတီက ဆိုင်းငံ့လိုက်တာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားလိုက်တာပါ။

● MCN သတင်းဌာနက သီးသန့်ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ဦးသိန်းထွန်းဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။

● အပြည့်အစုံကိုတော့ ရုပ်သံအစီအစဉ်မှာ ရှု့စားကြရမှာဖြစ်ပါတယ်။

 

?bph6