ခြေ/ဥ ပြင်ဆင်ရေး ဆွေးနွေးမှုကြောင့် ရင်ကြားစေ့ရေး ဘာဖြစ်မယ် စဉ်းစားထားမှု မရှိဘူး

0
112






အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုကြောင့် အမျိုးသားရင်ကြားစေ့ရေး ဘာတွေဖြစ်သွားစေနိုင်မလဲဆိုတဲ့ ပုံကြီးချဲ့ကား စဉ်းစားထားတာမျိုး မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်တွင်းမှာ အမြင်မတူလို အပြန်အလှန်ဆွေးနွေးကြတာဟာလည်း သဘာဝသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး အဆိုကို တင်သွင်းခဲ့သူ ဦးအောင်ကြည်ညွန့်က MCN သတင်းဌာနရဲ့ သီးသန့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ်ပြောကြားလိုက်တာပါ။

အပြည့်အစုံကို ရုပ်/သံ ဆက်သွယ်မေးမြန်းခန်းမှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6