ေျခ/ဥ ျပင္ဆင္ေရး တပ္မေတာ္သား ကိုယ္စားလွယ္တစ္ေယာက္ စိတ္ေဖာက္ျပန္သြားမွသာ ျဖစ္ႏိုင္မယ္

0
269

၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရးဟာ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ေယာက္ စိတ္ေဖာက္ျပန္သြားမွသာ ျဖစ္ႏိုင္မယ့္ အေျခအေနလို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ လႊတ္ေတာ္ထဲက တုိင္းရင္းသားေတြနဲ႔ အျခားႏိုင္ငံေရးအင္အားစုေတြ အားလံုးကပါ ေထာက္ခံမွ ျဖစ္ႏိုင္တာေၾကာင့္ အခ်ိန္မလံုေလာက္ေတာ့တဲ့ အခုလိုအခ်ိန္မ်ိဳးမွာ ဒီလို လုပ္ေဆာင္ရြက္မႈေတြဟာ စိတ္၀မ္းကြဲမႈေတြပဲ ျဖစ္လာႏိုင္တယ္လို႔လည္း သူက သံုးသပ္ေျပာၾကားလုိက္ပါတယ္။

အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႔စည္းေရး တိုက္တြန္းေၾကာင္း အေရးႀကီးအဆိုကို ျပည္ေထာင္စု လႊတ္ေတာ္မွာ တင္သြင္းၿပီး ဆက္လက္ေဆြးေႏြးဖို႔ မဲခြဲဆံုးျဖတ္ အတည္ျပဳခဲ့တဲ့အေပၚ MCN သတင္းဌာနက ျပဳလုပ္တဲ့ အထူး ႐ုပ္/သံ ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ေဒါက္တာေအာင္မ်ိဳးက ေျပာၾကားလိုက္တာပါ။

ဒါ့အျပင္ “အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႔စည္းေရး” လႊတ္ေတာ္တြင္း ေဆာင္ရြက္မႈဟာ ၂၀၁၅ ေရြးေကာက္ပြဲ ကတိေတြထဲက အေျခခံဥပေဒ ျပင္ဆင္ေရးကတိ အေကာင္အထည္ မေပၚခဲ့တဲ့အေပၚ အျခားႏိုင္ငံေရး အင္အားစုေတြရဲ႕ ေ၀ဖန္တာမႈေတြကို ျပန္လည္တုန္႔ျပန္တဲ့ အေနအထား တစ္ခုလို႔လည္း ေဒါက္တာ ေအာင္မ်ိဳးက ေျပာၾကားထားပါတယ္။

အျပည့္အစံုကို ႐ုပ္/သံ အထူးဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာ ျဖစ္ပါတယ္။


၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက် စိတ်ဖောက်ပြန်သွားမှသာ ဖြစ်နိုင်မယ့် အခြေအနေလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်ထဲက တိုင်းရင်းသားတွေနဲ့ အခြားနိုင်ငံရေးအင်အားစုတွေ အားလုံးကပါ ထောက်ခံမှ ဖြစ်နိုင်တာကြောင့် အချိန်မလုံလောက်တော့တဲ့ အခုလိုအချိန်မျိုးမှာ ဒီလို လုပ်ဆောင်ရွက်မှုတွေဟာ စိတ်ဝမ်းကွဲမှုတွေပဲ ဖြစ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပြောကြားလိုက်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းပြီး ဆက်လက်ဆွေးနွေးဖို့ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တဲ့အပေါ် MCN သတင်းဌာနက ပြုလုပ်တဲ့ အထူး ရုပ်/သံ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်တာပါ။

ဒါ့အပြင် “အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး” လွှတ်တော်တွင်း ဆောင်ရွက်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲ ကတိတွေထဲက အခြေခံဥပဒေ ပြင်ဆင်ရေးကတိ အကောင်အထည် မပေါ်ခဲ့တဲ့အပေါ် အခြားနိုင်ငံရေး အင်အားစုတွေရဲ့ ဝေဖန်တာမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အနေအထား တစ်ခုလို့လည်း ဒေါက်တာ အောင်မျိုးက ပြောကြားထားပါတယ်။

အပြည့်အစုံကို ရုပ်/သံ အထူးဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။

?bph6