
0
287






ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ကလို မြန်မာနိုင်ငံမှာ စဖြစ်နေပြီလို့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။

သမ္မတ မီခေးလ်ဂိုဘာချက် လက်ထက် ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်ကလို မြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ရေးအခြေအနေတွေအပြင် ရခိုင်နိုင်ငံရေးအင်အားစုတွေရဲ့ ဗမာမုန်းတီးရေးကိုအခြေခံထားတဲ့ အမျိုးသား နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ (ကွန်ဖက်ဒရိတ်) Confederate လမ်းကြောင်း လျှောက်လှမ်းမှုတွေအပေါ် ဝေဖန်လိုက်တာပါ။

ဒါ့အပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင် FPNCC မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေ (ကွန်ဖက်ဒရိတ်) Confederate လမ်းကြောင်း ဆက်လျှာက်နေရင် မြန်မာနိုင်ငံမှာ ဗလာဒီမာပူတင်လို ခေါင်းဆောင်မျိုး ထပ်ပေါ်ပေါက်လာလိမ့်မယ်လို့လည်း ဦးသိန်းညွန့်က သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားကြရမှာဖြစ်ပါတယ်။

?bph6