တပ္မေတာ္အေနနဲ႔ တရားေသ နည္းလမ္းတစ္ခုတည္းကို မကိုင္စြဲထားသင့္ဟုဆို

0
155

ဖယ္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ တရားေသ နည္းလမ္းတစ္ခုတည္းကို မကိုင္စြဲထားသင့္ပဲ ျဖစ္ႏိုင္တဲ့ နည္းလမ္းေပါင္းစံုကို ထည့္သြင္းစဥ္းစားထားဖို႔ လိုအပ္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ပါတီရဲ႕ အတြင္းေရးမွဴး စိုင္းေက်ာ္ညြန္႔က ေျပာၾကားလိုက္ပါတယ္။

“ကြန္ဖက္ဒရိတ္” အယူအဆအေပၚ တပ္မေတာ္က သူ႔ရဲ႕သေဘာထားကို ဇန္န၀ါရီလ ၁၈ ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တဲ့အေပၚ MCN သတင္းဌာနက ဆက္သြယ္ေမးျမန္းစဥ္ စိုင္းေက်ာ္ညြန္႔က အဲ့ဒီလို ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ လူမ်ိဳးတစ္မ်ိဳး၊ အဖြဲ႔အစည္းတစ္ခုရဲ႕ ေရြးခ်ယ္မႈကို ကန္႔ကြက္လို႔ မရႏိုင္သလို NCA လမ္းေၾကာင္းအျပင္ အျခားလမ္းေၾကာင္းေတြကိုပါ ထည့္သြင္းစဥ္းစားထားၿပီး ေဆြးေႏြးအေျဖရွာတဲ့ နည္းမ်ိဳးနဲ႔သာ ဖယ္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္လိမ့္မယ္လို႔လည္း သူက အႀကံျပဳ ေျပာၾကားထားပါတယ္။

အျပည့္အစံုကို MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္းမွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။

ဇန္န၀ါရီလ ၁၈ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာေတာ့ တပ္မေတာ္က ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု လမ္းေၾကာင္းကိုသာ လက္ခံၿပီး က်န္တဲ့ လမ္းေၾကာင္းကို လက္မခံဘူးလို႔လည္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။


ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တရားသေ နည်းလမ်းတစ်ခုတည်းကို မကိုင်စွဲထားသင့်ပဲ ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားလိုက်ပါတယ်။

“ကွန်ဖက်ဒရိတ်” အယူအဆအပေါ် တပ်မတော်က သူ့ရဲ့သဘောထားကို ဇန်နဝါရီလ ၁၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အပေါ် MCN သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ် စိုင်းကျော်ညွန့်က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လူမျိုးတစ်မျိုး၊ အဖွဲ့အစည်းတစ်ခုရဲ့ ရွေးချယ်မှုကို ကန့်ကွက်လို့ မရနိုင်သလို NCA လမ်းကြောင်းအပြင် အခြားလမ်းကြောင်းတွေကိုပါ ထည့်သွင်းစဉ်းစားထားပြီး ဆွေးနွေးအဖြေရှာတဲ့ နည်းမျိုးနဲ့သာ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း သူက အကြံပြု ပြောကြားထားပါတယ်။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ တပ်မတော်က ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု လမ်းကြောင်းကိုသာ လက်ခံပြီး ကျန်တဲ့ လမ်းကြောင်းကို လက်မခံဘူးလို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

?bph6