AA ရဲ႕ “ကြန္ဖက္ဒရိတ္ လမ္းေၾကာင္း”  ေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အားလံုး ထိခိုက္ပ်က္စီးႏိုင္

0
182

 

ရကၡိဳင့္တပ္မေတာ္ AA နဲ႔ ႏိုင္ငံေရးအင္အားစုအခ်ိဳ႕ရဲ႕ “အမ်ိဳးသား အခ်ဳပ္အျခာအဏာပိုင္ ျပည္နယ္အာဏာရွင္စနစ္” ဆိုတဲ့ “ကြန္ဖက္ဒရိတ္ လမ္းေၾကာင္း”  ေဖာ္ေဆာင္မႈေတြေၾကာင့္ လက္ရွိ အစိုးရနဲ႔ တပ္မေတာ္တို႔ ေဖာ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြအားလံုး ထိခိုက္ပ်က္ဆီးႏိုင္တယ္လို႔ ဗမာျပည္ ကြန္ျမဴနစ္ပါတီ ၀င္ေဟာင္း တစ္ဦးျဖစ္သူ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ စာေရးဆရာ သန္းစိုးႏိုင္က သတိေပးေျပာၾကား လိုက္ပါတယ္။

MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ဆရာသန္းစိုးႏိုင္က အဲ့ဒီလို သတိေပး ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ “ကြန္ဖက္ဒရိတ္ လမ္းေၾကာင္း”  အယူအဆနဲ႔ လမ္းေၾကာင္းေဖာ္ေဆာင္မႈ ေတြေၾကာင့္ လက္ရွိျဖစ္ေပၚေနတဲ့ ရခုိင္ျပည္နယ္က စစ္မီးဟာ တစ္ႏိုင္ငံလံုးကို ကူးစပ္သြားႏိုင္တဲ့ အေျခအေနမ်ိဳးေတြအထိ ျမင္ေတြ႔ေနရတာေၾကာင့္ ၀ိုင္း၀န္ညႇိႏိႈင္းၿပီး ကာကြယ္ၾကဖို႔ အခ်ိန္တန္ၿပီလို႔လည္း အားလံုးကို တိုက္တြန္းထားတာပါ။

အျပည့္အစံုကို MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ၾကည့္ရႈ႕ႏိုင္ၾကမွာျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြအတြက္ တပ္မေတာ္က ARSA အဖြဲ႔ရဲ႕ ၿခိမ္းေျခာက္မႈအႏၱရယ္ေတြေၾကာင့္ ရခုိင္ျပည္နယ္ပါ၀င္တဲ့ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွအပ က်န္တဲ့ စစ္တိုင္းအားလံုးမွာ အျပစ္အခက္ရပ္ဆဲေၾကာင္း ေၾကညာထားတာပါ။

ဒီအေျခအေနမွာပဲ ရကၡိဳင့္တပ္မေတာ္ AA နဲ႔ ႏိုင္ငံေရးအင္အားစုအခ်ိဳ႕က ေခတ္အဆက္ဆက္ တုိင္းရင္းသားေတြ ေတာင္းဆိုလာၾကတဲ့ “ဖယ္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု” လမ္းေၾကာင္းကေန “ကြန္ဖက္ဒရိတ္ လမ္းေၾကာင္း”   ကို ေျပာင္းလဲ ေဖာ္ေဆာင္လာတာ ေတြ႔ရပါတယ္။

အခုလို ရကၡိဳင့္တပ္မေတာ္ AA နဲ႔ ႏိုင္ငံေရးအင္အားစုအခ်ိဳ႕တို႔ ေျပာင္းလဲ ေဖာ္ေဆာင္လာတဲ့ “ကြန္ဖက္ဒရိတ္ လမ္းေၾကာင္း”   နဲ႔ “ကြန္ဖက္ဒရိတ္စနစ္” (Confederate System) ဆိုတာကေတာ့ ဗဟိုခ်ဳပ္ကိုင္မႈ ဒါမွမဟုတ္ ဗဟိုအစိုးရအာဏာရွင္ အစြန္းတပါးရဲ႕ ဆန္႔က်င္ဘက္ျဖစ္တဲ့ ျပည္နယ္အာဏာရွင္ အစြန္းတပါး (A confederate system sits at the other extreme in terms of centralization.) လို႔ ပညာရွင္ေတြက အဓိပၸါယ္ဖြင့္ဆိုထားၾကတာပါ။

ဒီအယူအဆေတြကို ၂၀၁၆ ခုႏွစ္က ေနျပည္ေတာ္မွာ စတင္က်င္းပခဲ့တဲ့ ၂၁ ရာစု ပင္လုံ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမွာ ရခိုင္အမ်ိဳးသားပါတီ (ANP) ဥကၠ႒ ေဒါက္တာေအးေမာင္က စာတမ္းတစ္ေစာင္အေနနဲ႔ စတင္ တင္သြင္း ဖတ္ၾကားခဲ့ဖူးပါတယ္။


ရက္ခိုင့်တပ်မတော် AA နဲ့ နိုင်ငံရေးအင်အားစုအချို့ရဲ့ “အမျိုးသား အချုပ်အခြာအဏာပိုင် ပြည်နယ်အာဏာရှင်စနစ်” ဆိုတဲ့ “ကွန်ဖက်ဒရိတ် လမ်းကြောင်း” ဖော်ဆောင်မှုတွေကြောင့် လက်ရှိ အစိုးရနဲ့ တပ်မတော်တို့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအားလုံး ထိခိုက်ပျက်ဆီးနိုင်တယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီ ဝင်ဟောင်း တစ်ဦးဖြစ်သူ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ သန်းစိုးနိုင်က သတိပေးပြောကြား လိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ဆရာသန်းစိုးနိုင်က အဲ့ဒီလို သတိပေး ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ “ကွန်ဖက်ဒရိတ် လမ်းကြောင်း” အယူအဆနဲ့ လမ်းကြောင်းဖော်ဆောင်မှု တွေကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က စစ်မီးဟာ တစ်နိုင်ငံလုံးကို ကူးစပ်သွားနိုင်တဲ့ အခြေအနေမျိုးတွေအထိ မြင်တွေ့နေရတာကြောင့် ဝိုင်းဝန်ညှိနှိုင်းပြီး ကာကွယ်ကြဖို့ အချိန်တန်ပြီလို့လည်း အားလုံးကို တိုက်တွန်းထားတာပါ။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ကြည့်ရှု့နိုင်ကြမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် တပ်မတော်က ARSA အဖွဲ့ရဲ့ ခြိမ်းခြောက်မှုအန္တရယ်တွေကြောင့် ရခိုင်ပြည်နယ်ပါဝင်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှအပ ကျန်တဲ့ စစ်တိုင်းအားလုံးမှာ အပြစ်အခက်ရပ်ဆဲကြောင်း ကြေညာထားတာပါ။

ဒီအခြေအနေမှာပဲ ရက္ခိုင့်တပ်မတော် AA နဲ့ နိုင်ငံရေးအင်အားစုအချို့က ခေတ်အဆက်ဆက် တိုင်းရင်းသားတွေ တောင်းဆိုလာကြတဲ့ “ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” လမ်းကြောင်းကနေ “ကွန်ဖက်ဒရိတ် လမ်းကြောင်း” ကို ပြောင်းလဲ ဖော်ဆောင်လာတာ တွေ့ရပါတယ်။

အခုလို ရက္ခိုင့်တပ်မတော် AA နဲ့ နိုင်ငံရေးအင်အားစုအချို့တို့ ပြောင်းလဲ ဖော်ဆောင်လာတဲ့ “ကွန်ဖက်ဒရိတ် လမ်းကြောင်း” နဲ့ “ကွန်ဖက်ဒရိတ်စနစ်” (Confederate System) ဆိုတာကတော့ ဗဟိုချုပ်ကိုင်မှု ဒါမှမဟုတ် ဗဟိုအစိုးရအာဏာရှင် အစွန်းတပါးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပြည်နယ်အာဏာရှင် အစွန်းတပါး (A confederate system sits at the other extreme in terms of centralization.) လို့ ပညာရှင်တွေက အဓိပ္ပါယ်ဖွင့်ဆိုထားကြတာပါ။

ဒီအယူအဆတွေကို ၂၀၁၆ ခုနှစ်က နေပြည်တော်မှာ စတင်ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က စာတမ်းတစ်စောင်အနေနဲ့ စတင် တင်သွင်း ဖတ်ကြားခဲ့ဖူးပါတယ်။

 

 

 

 

?bph6