AA ဘက္က က်ဆံုး၊ ထိခိုက္မႈ တရား၀င္ သတင္းထုတ္ျပန္ထားမႈထက္ ပိုမိုမ်ားျပားဟု တပ္မေတာ္ေျပာၿပီ

0
705

ရခိုင္ျပည္နယ္ထဲက စစ္ဆင္ေရးေတြအတြင္း ရကၡိဳင္လက္နက္ကိုင္အဖြဲ႔ AA ဘက္က က်ဆံုး၊ ထိခိုက္မႈေတြ တရား၀င္ သတင္းထုတ္ျပန္ထားတာထက္ ပိုမိုမ်ားျပားတယ္လို႔ တပ္မေတာ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

MCN သတင္းဌာနရဲ႕ ရခုိင္ျပည္နယ္ထဲက စစ္ေရးအေျခအေနေတြနဲ႔ပတ္သက္ၿပီး သီးသန္႔ ဆက္သြယ္ေမးျမန္းရာမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက အဲ့ဒီလုိ ထုတ္ေဖာ္ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္အစိုးရနဲ႔အတူ ေဖာ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအေပၚ ဆိုးက်ိဳးသက္ေရာက္မႈ ရွိေစႏိုင္တဲ့အတြက္ တရား၀င္ သတင္းထုတ္ျပန္တာမ်ိဳး မရွိေပမယ့္ ေျမျပင္ေပၚက တပ္မေတာ္ရဲ႕ ေသာင္းက်န္းသူ ေခ်မႈန္းေရး စစ္ဆင္ေရး အခ်က္အလက္ေတြအရ လက္ရွိ သတင္းထုတ္ျပန္ထားတဲ့ ပမာဏထက္ AA ဘက္က ၊ ထိခိုက္ က်ဆံုးမႈေတြ ပိုမိုမ်ားျပားေနတယ္လို႔ ေျပာၾကားထားတာျဖစ္ပါတယ္။

ဒါ့အျပင္ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ထိခိုက္ေစမယ့္ သတင္းနဲ႔ အေၾကာင္းအရာေတြက လြဲလို႔ အားလံုးကို နည္းလမ္းေပါင္းစံုနဲ႔ ထုတ္ျပန္ေပးသြားမယ္လို႔လည္း သူက ေျပာၾကားထားတာပါ။

အလားတူ သတင္းမီဒီယာေတြအေနနဲ႔ လက္တေလာ ျဖစ္ေပၚေနတဲ့ ရခုိင္ျပည္နယ္အတြင္းက စစ္ဆင္ေရး အေျခအေနေတြကို ေဖာ္ျပရာမွာ “ျပည္တြင္းစစ္” ဆိုတဲ့ အသံုးအႏံႈးမ်ိဳးကို မသံုးႏႈန္းသင့္ပဲ အစိုးရရဲ႕ တရား၀င္ ထုတ္ျပန္ထားတဲ့ “ေသာင္းက်န္းသူ ေခ်မႈန္းေရး စစ္ဆင္ေရး” အျဖစ္သာ သံုးစြဲၾကဖို႔ကိုလည္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ပန္႔ၾကားထားပါတယ္။

အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ေတြ႔ျမင္ၾကရမွာ ျဖစ္ပါတယ္။


ရခိုင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေအတွင်း ရက္ခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ကျဆုံး၊ ထိခိုက်မှုတွေ တရားဝင် သတင်းထုတ်ပြန်ထားတာထက် ပိုမိုများပြားတယ်လို့ တပ်မတော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး သီးသန့် ဆက်သွယ်မေးမြန်းရာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဲ့ဒီလို ထုတ်ဖော် ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရနဲ့အတူ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်တဲ့အတွက် တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် မြေပြင်ပေါ်က တပ်မတော်ရဲ့ သောင်းကျန်းသူ ချေမှုန်းရေး စစ်ဆင်ရေး အချက်အလက်တွေအရ လက်ရှိ သတင်းထုတ်ပြန်ထားတဲ့ ပမာဏထက် AA ဘက်က ၊ ထိခိုက် ကျဆုံးမှုတွေ ပိုမိုများပြားနေတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် သတင်းနဲ့ အကြောင်းအရာတွေက လွဲလို့ အားလုံးကို နည်းလမ်းပေါင်းစုံနဲ့ ထုတ်ပြန်ပေးသွားမယ်လို့လည်း သူက ပြောကြားထားတာပါ။

အလားတူ သတင်းမီဒီယာတွေအနေနဲ့ လက်တလော ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေး အခြေအနေတွေကို ဖော်ပြရာမှာ “ပြည်တွင်းစစ်” ဆိုတဲ့ အသုံးအနှုံးမျိုးကို မသုံးနှုန်းသင့်ပဲ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ “သောင်းကျန်းသူ ချေမှုန်းရေး စစ်ဆင်ရေး” အဖြစ်သာ သုံးစွဲကြဖို့ကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပန့်ကြားထားပါတယ်။

အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

?bph6