NLD အစိုးရအနေနဲ့ ရခိုင်တွေရဲ့ နှလုံးသည်းခြေကို သိမ်းကျုံးယူနိုင်မယ့် နည်းလမ်းရှာဖို့လို

0
249






NLD အစိုးရနဲ့ တပ်မတော်အနေနဲ့ ရခိုင်အမျိုးသားတွေရဲ့ နှလုံးသည်းခြေကို သိမ်းကျုံးယူနိုင်မယ့် နည်းလမ်းတွေ ရှာဖွေ ဆောင်ရွက်ဖို့ လိုမယ်လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ရဲ့ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းတစ်ခုမှာ ဦးအောင်သူငြိမ်းက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လတ်တလောဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာကို အဖြေရှာနိုင်ဖို့ အစိုးရအနေနဲ့ တရားဝင် ရခိုင် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလို သဘောထား ပျော့ပြောင်းသူတွေရဲ့ အမြင်တွေကို စုစည်းပြီး ရယူဆောင်ရွက်မှသာ ပြေလည်နိုင်လိမ့်မယ်လို့လည်း သူက အကြံပေးထားပါတယ်။

အပြည့်အစံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6