တိုင္းရင္းသားေတြကို ကိုယ္ပိုင္ျပဌာန္းခြင့္ မေပးသမွ် ပင္လံုညီလာခံ ဘယ္ေလာက္ေခၚေခၚ ၿငိမ္းခ်မ္းေရး ရမွာမဟုတ္ဟုဆို

0
299

တိုင္းရင္းသားေတြကို ကိုယ္ပိုင္ျပဌာန္းခြင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မေပးသမွ် ဗဟိုခ်ဳပ္ကိုင္မႈ အားႀကီးေနသမွ် လက္၀ါးႀကီးအုပ္ထားသမွ် ပင္လံုညီလာခံ ဘယ္ေလာက္ေခၚေခၚ ၿငိမ္းခ်မ္းေရးလည္း ရမွာမဟုတ္သလို ျပည္တြင္းစစ္လည္း ဘယ္ေတာ့မွ ၿပီးဆံုးမွာ မဟုတ္ဘူးလို႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာၾကားလိုက္ပါတယ္။

MCN သတင္းဌာနအေနနဲ႔ လက္တေလာ ျဖစ္ေပၚေနတဲ့ ရခိုင္ျပႆနာနဲ႔ ပတ္သက္ၿပီး အေျဖရွာႏိုင္ဖို႔ ဆက္သြယ္ေမးျမန္းခန္း ဒုတိယပိုင္းမွာ ဦးေဖသန္းက ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ရခိုင္အပါအ၀င္ တိုင္းရင္းသားအားလံုးကို တန္းတူရည္တူ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ေတြကို ျမႇင့္တင္ေပးခဲ့ရင္ အခုလို ျပႆနာ အၾကပ္အတည္းမ်ိဳးေတြ ေပၚေပါက္လာႏိုင္စရာ အေၾကာင္းမရွိဘူးလို႔လည္း သူက ေျပာပါတယ္။

ဒါ့အျပင္ NLD အစိုးရအေနနဲ႔ အုပ္ခ်ဳပ္ေရးကို ဗဟိုခ်ဳပ္ကိုင္မႈနဲ႔ လက္၀ါးႀကီးအုပ္ခဲ့တာေတြ မရွိခဲ့ရင္လည္း ဒီလိုျပႆနာေတြ ျဖစ္ေပၚလာမွာ မဟုတ္ဘူးလို႔လည္း သူက ေျပာၾကားထားပါတယ္။

အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္းမွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးသမျှ ဗဟိုချုပ်ကိုင်မှု အားကြီးနေသမျှ လက်ဝါးကြီးအုပ်ထားသမျှ ပင်လုံညီလာခံ ဘယ်လောက်ခေါ်ခေါ် ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်သလို ပြည်တွင်းစစ်လည်း ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနအနေနဲ့ လက်တလော ဖြစ်ပေါ်နေတဲ့ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ ဆက်သွယ်မေးမြန်းခန်း ဒုတိယပိုင်းမှာ ဦးဖေသန်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံးကို တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်တွေကို မြှင့်တင်ပေးခဲ့ရင် အခုလို ပြဿနာ အကြပ်အတည်းမျိုးတွေ ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် NLD အစိုးရအနေနဲ့ အုပ်ချုပ်ရေးကို ဗဟိုချုပ်ကိုင်မှုနဲ့ လက်ဝါးကြီးအုပ်ခဲ့တာတွေ မရှိခဲ့ရင်လည်း ဒီလိုပြဿနာတွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားထားပါတယ်။

အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6