လတ္တေလာ ရခုိင္ျပည္နယ္က စစ္ေရးတင္းမာမႈ ျပႆနာအတြက္ အေျဖရွာေတြ႔ၿပီ

0
433

လတ္တေလာ ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ရဲ႕ စစ္ေရးတင္းမာမႈေတြက စတင္လာတဲ့ အၾကပ္အတည္း ျပႆနာေတြကို ၾကား၀င္ ေစ့စပ္ညႇိႏိႈင္းေရး လမ္းေၾကာင္းနဲ႔ အေျဖရွာသြားမယ္ လို႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာၾကား လုိက္ပါတယ္။

MCN သတင္းဌာနရဲ႕ သီးသန္႔ဆက္သြယ္ေမးျမန္းခန္းမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက အဲ့ဒီလို ထုတ္ေဖာ္ေျပာၾကားလိုက္တာပါ။

ႏွစ္ဖက္အျပန္အလွန္ ေျပာဆိုမႈေတြကေန အေျခအေနကို ပိုမို႐ႈပ္ေထြးလာေစခဲ့တဲ့အေပၚ ဒီလိုေဆာင္ရြက္ဖို႔ ရခိုင္ႏိုင္ငံေရးအင္အားစုေတြ သေဘာတူညီခဲ့ၾကတာလည္းျဖစ္ပါတယ္။

ရခုိင္အမ်ိဳးသားပါတီနဲ႔အတူ အျခား ရခုိင္ႏိုင္ငံေရးအင္အားစုေတြ၊ ရခိုင္ အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြ၊ ရဟန္းသံဃာေတာ္ေတြပါ ပါ၀င္မယ့္ ၾကား၀င္ေစ့စပ္ညႇိႏိႈင္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔အစည္း တစ္ရပ္ကို ဖြဲ႔စည္းၿပီး ဘံုသေဘာတူညီခ်က္ခ်မွတ္ကာ ေဆာင္ရြက္သြားၾကဖို႔ စီစဥ္ေနတယ္လို႔လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

ဒီလို ရခုိင္ျပည္နယ္နဲ႔ ရခိုင္တိုင္းရင္းသားေတြအတြက္ ဘံုသေဘာတူညီခ်က္ေတြနဲ႔ ၾကား၀င္ေစ့စပ္ညႇိႏိႈင္းမႈေတြကို ျပည္ေထာင္စုအစိုးရ၊ တပ္မေတာ္နဲ႔အတူ ရခိုင့္တပ္မေတာ္ AA တို႔ႏွစ္ဖက္ စလံုးက လက္ခံဖို႔ လိုအပ္ေနတယ္လို႔လည္း ဦးေဖသန္းက ေျပာၾကားထားတာပါ။

အျပည့္အစံုကို MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


လတ်တလော ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ စစ်ရေးတင်းမာမှုတွေက စတင်လာတဲ့ အကြပ်အတည်း ပြဿနာတွေကို ကြားဝင် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းနဲ့ အဖြေရှာသွားမယ် လို့ ရခိုင်အမျိုးသားပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြား လိုက်ပါတယ်။

MCN သတင်းဌာနရဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အဲ့ဒီလို ထုတ်ဖော်ပြောကြားလိုက်တာပါ။

နှစ်ဖက်အပြန်အလှန် ပြောဆိုမှုတွေကနေ အခြေအနေကို ပိုမိုရှုပ်ထွေးလာစေခဲ့တဲ့အပေါ် ဒီလိုဆောင်ရွက်ဖို့ ရခိုင်နိုင်ငံရေးအင်အားစုတွေ သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီနဲ့အတူ အခြား ရခိုင်နိုင်ငံရေးအင်အားစုတွေ၊ ရခိုင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ရဟန်းသံဃာတော်တွေပါ ပါဝင်မယ့် ကြားဝင်စေ့စပ်ညှိနှိုင်းရေး အကျိုးတော်ဆောင်အဖွဲ့အစည်း တစ်ရပ်ကို ဖွဲ့စည်းပြီး ဘုံသဘောတူညီချက်ချမှတ်ကာ ဆောင်ရွက်သွားကြဖို့ စီစဉ်နေတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဒီလို ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ဘုံသဘောတူညီချက်တွေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေကို ပြည်ထောင်စုအစိုးရ၊ တပ်မတော်နဲ့အတူ ရခိုင့်တပ်မတော် AA တို့နှစ်ဖက် စလုံးက လက်ခံဖို့ လိုအပ်နေတယ်လို့လည်း ဦးဖေသန်းက ပြောကြားထားတာပါ။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6