ေနာင္မွာ ျဖစ္ေပၚလာမယ့္ စစ္ရာဇ၀တ္မႈအားလံုး NLD အစိုးရနဲ႔ တပ္မေတာ္ရဲ႕ တာ၀န္ျဖစ္မယ္လို႔ AA တံု႔ျပန္

0
1558

ေနာင္မွာ ျဖစ္ေပၚလာမယ့္ စစ္ရာဇ၀တ္မႈအားလံုးဟာ NLD အစိုးရနဲ႔ တပ္မေတာ္ရဲ႕ တာ၀န္သာ ျဖစ္လိမ့္မယ္လို႔ AA အဖြဲ႔က တုန္႔ျပန္ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၇ ရက္ေန႔က သတင္းစာရွင္းလင္းပြဲနဲ႔ပတ္သက္ၿပီး MCN သတင္းဌာနက ရကၡိဳင္အမ်ိဳးသား အဖြဲ႔ခ်ဳပ္ (ULA) နဲ႔ ရကၡိဳင့္တပ္မေတာ္ (AA) တို႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုင္ခုိင္သုခကို အင္တာနက္က တဆင့္ ဆက္သြယ္ ေမးျမန္းခဲ့တဲ့ ဆက္သြယ္ေမးျမန္းခန္းမွာ အဲ့ဒီလိုေျပာၾကားလိုက္တာပါ။

ဒီဆက္သြယ္ေမးျမန္းခန္းထဲမွာေတာ့ ARSA အဖြဲ႔နဲ႔ AA တို႔ ပတ္သက္မႈ မရွိေၾကာင္း တံု႔ျပန္ ေျပာၾကားထားသလို သူတို႔အေနနဲ႔ ဘယ္သူက ရန္သူ၊ ဘယ္သူက မိတ္ေဆြဆိုတာ ေကာင္းေကာင္းသိရွိတယ္လို႔လည္း ေျပာၾကားထားတာပါ။ အလားတူ တပ္မေတာ္နဲ႔ NLD အစိုးရဟာ ရခုိင္ျပည္နယ္ကို ကာကြယ္ေနတယ္ဆိုေပမယ့္ ၀ံပေလြကို ၾကက္ျခံေစာင့္ခိုင္းထားသလိုသာ ျဖစ္ေနတယ္လို႔လည္း သူကဆိုပါတယ္။

အျပည့္အစံုကို MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္းအစီအစဥ္ Streamiz Show အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


နောင်မှာ ဖြစ်ပေါ်လာမယ့် စစ်ရာဇဝတ်မှုအားလုံးဟာ NLD အစိုးရနဲ့ တပ်မတော်ရဲ့ တာဝန်သာ ဖြစ်လိမ့်မယ်လို့ AA အဖွဲ့က တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး MCN သတင်းဌာနက ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုင်ခိုင်သုခကို အင်တာနက်က တဆင့် ဆက်သွယ် မေးမြန်းခဲ့တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီဆက်သွယ်မေးမြန်းခန်းထဲမှာတော့ ARSA အဖွဲ့နဲ့ AA တို့ ပတ်သက်မှု မရှိကြောင်း တုံ့ပြန် ပြောကြားထားသလို သူတို့အနေနဲ့ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ကောင်းကောင်းသိရှိတယ်လို့လည်း ပြောကြားထားတာပါ။ အလားတူ တပ်မတော်နဲ့ NLD အစိုးရဟာ ရခိုင်ပြည်နယ်ကို ကာကွယ်နေတယ်ဆိုပေမယ့် ဝံပလွေကို ကြက်ခြံစောင့်ခိုင်းထားသလိုသာ ဖြစ်နေတယ်လို့လည်း သူကဆိုပါတယ်။

အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းအစီအစဉ် Streamiz Show အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6