ခြဲထြက္ေရး ရည္ရြယ္ခ်က္နဲ႔ လက္နက္ကိုင္လမ္းစဥ္ကို ေရြးခ်ယ္ခဲ့တာ မဟုတ္ဟုဆို

0
308

ရကၡိဳင့္တပ္မေတာ္ AA နဲ႔ ရခုိင္ႏိုင္ငံေရး အင္အားစုအခ်ိဳ႕ “အမ်ိဳးသားႏိုင္ငံေတာ္ ထူေထာင္ေရး” ဆိုတဲ့ “ခြဲထြက္ေရး” ရည္ရြယ္ခ်က္နဲ႔ “လက္နက္ကိုင္” လမ္းစဥ္ကို ေရြးခ်ယ္ခဲ့တာ မဟုတ္ဘူးလို႔ ရခုိင္အမ်ိဳးသားပါတီက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္းကို ေျဖၾကားစဥ္ ရခိုင္အမ်ိဳးသားပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္က ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ရခုိင္အမ်ိဳးသားပါတီနဲ႔အတူ ရခုိင္ႏိုင္ငံေရးအင္အားစုေတြအေနနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ ရရွိဖို႔ ဥပေဒေဘာင္အတြင္းက ေတာင္းဆိုခဲ့ေပမယ့္ ဒီေတာင္းဆိုခ်က္ေတြကို လူရာသြင္း မခံခဲ့ရတာက အစျပဳလို႔ အလို ျဖစ္ေပၚခဲ့ရတာလို႔လည္း သူက သံုးသပ္ေျပာထားတာပါ။

ဒါ့အျပင္ ရခိုင္ျပည္နယ္ဟာ ဖြံ႔ၿဖိဳးမႈ ေနာက္က်က်န္ခဲ့ရတာေတြ၊ သဘာ၀အရင္းအျမစ္ေတြကို စီမံခန္႔ခြဲခြင့္ ဆံုးရႈံးခဲ့တာေတြကပါ အေၾကာင္းျပဳၿပီး အျခား လက္နက္ကိုင္ထားတဲ့ တိုင္းရင္းသားေတြ နည္းတူ တန္တူအခြင့္အေရး ရဖို႔ လက္နက္ကိုင္ လမ္းစဥ္ကို ေရြးခ်ယ္ခဲ့ၾကတာ ျဖစ္မယ္လို႔လည္း သူက ေျပာၾကားထားပါတယ္။

အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


ရက္ခိုင့်တပ်မတော် AA နဲ့ ရခိုင်နိုင်ငံရေး အင်အားစုအချို့ “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” ဆိုတဲ့ “ခွဲထွက်ရေး” ရည်ရွယ်ချက်နဲ့ “လက်နက်ကိုင်” လမ်းစဉ်ကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းကို ဖြေကြားစဉ် ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ရခိုင်အမျိုးသားပါတီနဲ့အတူ ရခိုင်နိုင်ငံရေးအင်အားစုတွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ ဥပဒေဘောင်အတွင်းက တောင်းဆိုခဲ့ပေမယ့် ဒီတောင်းဆိုချက်တွေကို လူရာသွင်း မခံခဲ့ရတာက အစပြုလို့ အလို ဖြစ်ပေါ်ခဲ့ရတာလို့လည်း သူက သုံးသပ်ပြောထားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရတာတွေ၊ သဘာဝအရင်းအမြစ်တွေကို စီမံခန့်ခွဲခွင့် ဆုံးရှုံးခဲ့တာတွေကပါ အကြောင်းပြုပြီး အခြား လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတွေ နည်းတူ တန်တူအခွင့်အရေး ရဖို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာ ဖြစ်မယ်လို့လည်း သူက ပြောကြားထားပါတယ်။

အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6