ၾကားျဖတ္ေရြးေကာက္ပြဲမွာ အားလံုးပါဝင္ခြင့္ရေအာင္ ႀကိဳတင္ျပင္ဆင္မႈ အားနည္းခဲ့တယ္

0
69

ၾကားျဖတ္ေရြးေကာက္ပြဲမွာ အားလံုးပါ၀င္ခြင့္ရေအာင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ႀကိဳတင္ျပင္ဆင္ရာမွာ အားနည္းခ်က္ေတြ ရွိခဲ့တယ္လို႔ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ PACE က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၃ ရက္ေန႔က က်င္းပခဲ့တဲ့ ၾကားျဖတ္ေရြးေကာက္ပြဲမွာ မဲဆႏၵနယ္ေျမ ၁၃ ေနရာထဲက ၁၂ ေနရာမွာ ေလ့လာေစာင့္ၾကည့္မႈေတြ ျပဳလုပ္ခဲ့တဲ့ PACE အဖြဲ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ တစ္ဦးျဖစ္တဲ့ ကိုစိုင္းရဲေက်ာ္စြာျမင့္က MCN သတင္းဌာနရဲ႕ ညေန ၃ နာရီခြဲအခ်ိန္ ဆက္သြယ္ေမးျမန္းခန္းကို ေျဖၾကားရာမွာ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ေလ့လာေစာင့္ၾကည့္ခဲ့တဲ့ မဲ႐ံုစုစုေပါင္းရဲ႕ ၅၄ % က ဆႏၵျပဳခန္းေတြမွာ ဘီးတပ္ကုလားထိုင္နဲ႔ လာတဲ့ မဲဆႏၵရွင္ေတြအတြက္ လြယ္ကူအဆင္ေျပေအာင္ ႀကိဳတင္ျပင္ဆင္မႈ မရွိတာကို ေတြ႔ခဲ့ၿပီး၊ မဲ႐ံုစုစုေပါင္းရဲ႕ ၄၇ % မွာလည္း ဘီးတပ္ကုလားထိုင္နဲ႔ မဲဆႏၵရွင္ေတြ အကူအညီမပါပဲ လာေရာက္ဖို႔ မလြယ္ကူတဲ့ ေနရာေတြမွာ တည္ရွိခဲ့တာကို ေတြ႔ရွိခဲ့ရတယ္လို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

ဒါေၾကာင့္ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ က်င္းပဖို႔ရွိေနတဲ့ ပါတီစံုအေထြေထြ ေရြးေကာက္ပြဲမွာ အားလံုးပါ၀င္ခြင့္ရမယ့္ အေျခအေနေတြ တိုးတက္လာေအာင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

===============================

ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရအောင် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တယ်

ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၁၃ နေရာထဲက ၁၂ နေရာမှာ လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တဲ့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ကိုစိုင်းရဲကျော်စွာမြင့်က MCN သတင်းဌာနရဲ့ ညနေ ၃ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းခန်းကို ဖြေကြားရာမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ လေ့လာစောင့်ကြည့်ခဲ့တဲ့ မဲရုံစုစုပေါင်းရဲ့ ၅၄ % က ဆန္ဒပြုခန်းတွေမှာ ဘီးတပ်ကုလားထိုင်နဲ့ လာတဲ့ မဲဆန္ဒရှင်တွေအတွက် လွယ်ကူအဆင်ပြေအောင် ကြိုတင်ပြင်ဆင်မှု မရှိတာကို တွေ့ခဲ့ပြီး၊ မဲရုံစုစုပေါင်းရဲ့ ၄၇ % မှာလည်း ဘီးတပ်ကုလားထိုင်နဲ့ မဲဆန္ဒရှင်တွေ အကူအညီမပါပဲ လာရောက်ဖို့ မလွယ်ကူတဲ့ နေရာတွေမှာ တည်ရှိခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပဖို့ရှိနေတဲ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရမယ့် အခြေအနေတွေ တိုးတက်လာအောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

?bph6