အစိုးရအဖြဲ႔၀င္ေတြ ဥပေဒ မေလးစားပဲ ဖ်က္လို႔ ႏိုင္ငံေတာ္ရဲ႕ ဒီမိုကေရစီ ပ်က္ၿပီ

0
164

အစိုးရအဖြဲ႔၀င္ေတြ ဥပေဒ မေလးစားပဲ ဖ်က္လို႔ ႏိုင္ငံေတာ္ရဲ႕ ဒီမိုကေရစီပ်က္ၿပီလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ေျပာပါတယ္။ Weekly Eleven ဂ်ာနယ္က အယ္ဒီတာခ်ဳပ္ အပါအ၀င္ သုံးဦးကုိ ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕က ပုဒ္မ ၅၀၅(ခ)နဲ႔ တရားစြဲဆုိခဲ့တဲ့အေပၚ ဦးႀကီးျမင့္က ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ တရားစြဲဆိုခံရစဥ္ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ မခ်မွတ္ခင္ သတင္းမီဒီယာေတြကို ေျဖရွင္းခြင့္မေပးဘဲ ရာဇ၀တ္သားေတြနဲ႔ တန္းတူထားတဲ့အေပၚ အျပင္အထန္႐ႈတ္ခ်လိုက္သလို ဒီလုပ္ရပ္ေတြဟာ အာဏာရွင္ေတြလုပ္တဲ့ လကၡဏာေတြ ျဖစ္တယ္လို႔လည္း တရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးႀကီးျမင့္က ေျပာပါတယ္။ ပုဒ္မ ၅၀၅ (ခ)ရဲ႕ ခၽြန္းခ်က္ခ်က္ေတြမွာ မွန္ကန္တဲ့ သတင္းျဖစ္ၿပီး၊ အဲဒီသတင္းေပၚ အေျခခံၿပီး ေရးတဲ့၊ ျဖန္႔ခ်ိ႕တဲ့၊ ေဟာေျပာတဲ့ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီး အျပစ္မေရာက္ေစရလို႔ ျပဌာန္းထားတာေၾကာင့္ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေနနဲ႔ အဲဒီအခ်က္ကို ဘယ္ေလာက္ေလးစားမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

အစိုးရအဖွဲ့ဝင်တွေ ဥပဒေ မလေးစားပဲ ဖျက်လို့ နိုင်ငံတော်ရဲ့ ဒီမိုကရေစီပျက်ပြီလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် ဦးကြီးမြင့်က ပြောကြားခဲ့တာပါ။ ဒါ့အပြင် တရားစွဲဆိုခံရစဉ် တရားရုံးရဲ့ ဆုံးဖြတ်ချက် မချမှတ်ခင် သတင်းမီဒီယာတွေကို ဖြေရှင်းခွင့်မပေးဘဲ ရာဇဝတ်သားတွေနဲ့ တန်းတူထားတဲ့အပေါ် အပြင်အထန်ရှုတ်ချလိုက်သလို ဒီလုပ်ရပ်တွေဟာ အာဏာရှင်တွေလုပ်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့လည်း တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။ ပုဒ်မ ၅၀၅ (ခ) ရဲ့ ချွန်းချက်ချက်တွေမှာ မှန်ကန်တဲ့ သတင်းဖြစ်ပြီး၊ အဲဒီသတင်းပေါ် အခြေခံပြီး ရေးတဲ့၊ ဖြန့်ချိ့တဲ့၊ ဟောပြောတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အပြစ်မရောက်စေရလို့ ပြဌာန်းထားတာကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ အဲဒီအချက်ကို ဘယ်လောက်လေးစားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

?bph6