ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ၾကြက္မႏိုင္လို႔ က်ီမီး႐ိႈ႕ဟုဆုိ

0
150

■ ဦးၿဖိဳးမင္းသိန္း ၾကြက္မႏိုင္လို႔ က်ီမီး႐ႈိ႕သလို လႊတ္ေတာ္ကို မႏိုင္လို႔ သတင္းမီဒီယာေတြကို တရားစြဲတာလို႔ ျမန္မာသတင္းသမားမ်ား ကာကြယ္ေရးေကာ္မတီ (PCMJ) က ေျပာၾကားလိုက္ပါတယ္။ Weekly Eleven ဂ်ာနယ္က အယ္ဒီတာခ်ဳပ္ အပါအ၀င္ သုံးဦးကုိ ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕က ပုဒ္မ ၅၀၅(ခ) နဲ႔ တရားစြဲဆုိခဲ့တဲ့အေပၚ ျမန္မာသတင္းသမားမ်ား ကာကြယ္ေရးေကာ္မတီ (PCMJ) ရဲ႕ အဖြဲ႔၀င္ တစ္ဦး ျဖစ္သလို ေခတ္သစ္သတင္းေအဂ်င္စီ တည္ေထာင္သူ ကိုသာလြန္ေဇာင္းထက္က MCN ႐ုပ္သံသတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သတင္းမီဒီယာဥပေဒကုိ ေက်ာ္လြန္ၿပီး အခုလို တရားစြဲတာဟာ (NLD)အစုိးရရဲ႕ အာဏာရွင္စိတ္ဓာတ္ကုိ ျပသတာျဖစ္တယ္လို႔ လည္း သူက ေျပာပါတယ္။

■ ဦးဖြိုးမင်းသိန်း ကြွက်မနိုင်လို့ ကျီမီးရှို့သလို လွှတ်တော်ကို မနိုင်လို့ သတင်းမီဒီယာတွေကို တရားစွဲတာလို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က ပြောကြားလိုက်ပါတယ်။ Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ် အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခဲ့တဲ့အပေါ် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်သလို ခေတ်သစ်သတင်းအေဂျင်စီ တည်ထောင်သူ ကိုသာလွန်ဇောင်းထက်က MCN ရုပ်သံသတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာဥပဒေကို ကျော်လွန်ပြီး အခုလို တရားစွဲတာဟာ (NLD)အစိုးရရဲ့ အာဏာရှင်စိတ်ဓာတ်ကို ပြသတာဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

?bph6