မောင်စာဂဆောင်းပါးတွေ ဖော်ပြမှု ဦးသိန်းညွန့်ဝေဖန် (ရုပ်/သံ)

0
2289

နိုင်ငံပိုင်သတင်းစာတွေမှာ မောင်စာဂကလောင်အမည်နဲ့ ဥပဒေဆောင်းပါးတွေ ဖော်ပြမှုကို တရားလွှတ်တော် ရှေ့နေ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ဝေဖန်လိုက်ပါတယ်။ ကိုလိုနီခေတ်ဥပဒေတွေကို ဖော်ပြပြီး ၀ါဒဖြန့်နေတာထက် စာရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး တွေကို ပြည်သူတွေသိအောင် လုပ်ဆောင်တာဟာ ဒီမိုကရေစီပိုဆန်တယ်လို့ လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။ လက်တလောနိုင်ငံပိုင်သတင်းစာတွေမှာ မောင်စာဂ ကလောင်အမည်နဲ့ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်မှုစတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး ရေးသား ဖော်ပြနေမှုတွေအပေါ် ဦးသိန်းညွန့်က ပြောကြားလိုက်တာပါ။ ဒါ့အပြင် ပြည်သူကို ဥပဒေနဲ့ ပညာပေးတာလား ပြည်သူကို ဥပဒေနဲ့ ခြိမ်းခြောက်နေတာလားလို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။ အလားတူ ကိုလိုနီခေတ် ဥပဒေတွေကို ပြန်အသက်သွင်းနေတာ၊ တောက်ပြောင်အောင် လုပ်ဆောင်တာတွေဟာ တိုင်းပြည်အတွက် လား အာဏာအတွက်လားဆိုတာ အချိန်က အဖြေပေးလိမ့်မယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။