ဒေါ်အောင်ဆန်းစုကြည်ကို လူမှုအဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားအရေးတင်ပြ (ဆက်သွယ်မေးမြန်းချက်)

0
318

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်း ၁၃ ခုက တာဝန်ရှိ ပုဂ္ဂိုလ်တွေ တွေဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လိုဆုံးဖြတ်တွေကို ချမှတ်ပေးခဲ့ တယ်။ ဘယ်လို လှမ်းညွှန်မှုတွေကို ပြုခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က ( အမှုဆောင် ဒါရိုက်တာ) ဦးထူးချစ်ကို ဆက်သွယ် မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။