ေရြးေကာက္ခံ အစိုးရဟာ အခန္းအမေတြက ေျပာဆိုမႈေတြကို ေၾကာက္ေနစရာမလိုဟုဆို

0
368

■ တ႐ုတ္ႏိုင္ငံရဲ႕ ဖြံ႔ၿဖိဳးေရး စီမံကိန္းေတြနဲ႔ပက္သက္ရင္ ျပည္သူကို ပြင့္လင္းျမင္သာစြာ အဆိုး အေကာင္းကို ခ်ျပၿပီး ပ်က္သားစြာ ေဆာင္ရြက္ဖို႔နဲ႔ ေရြးေကာက္တင္ေျမႇာက္ခံ အစိုးရတစ္ရပ္ဟာ အခန္းအမေတြက ေျပာဆိုမႈေတြကို ေၾကာက္ေနစရာမလိုဘူးလို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ေျပာၾကားလိုက္ပါတယ္။

■ ဧၿပီလ ၂၄ ရက္ေန႔က စတင္လိုက္တဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ ခရီးစဥ္အေပၚ ဆက္သြယ္ေမးျမန္းရာမွာ အဲ့ဒီလိုေျပာၾကားလိုက္တာပါ။

■ ဒီလိုေျပာၾကားရာမွာေတာ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ဗီတိုအာဏာအသံုးျပဳ ရပ္တည္ေပးမႈေတြအေပၚ အသိအမွတ္ျပဳတဲ့အေနနဲ႔ ဆိုးက်ိဳးမ်ားမယ့္ ဖြံ႔ၿဖိဳးေရး စီမံကိန္းေတြကလြဲလို႔ တျခားစီမံကိန္းေတြကို ပြင့္လင္းျမင္သာမႈရွိစြာ ပူးေပါင္းေဆာင္ရြက္ဖို႔ကိုလည္း တိုက္တြန္းေျပာၾကားထားပါတယ္။

■ အျပည့္အစံုကို ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


■ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ပက်သက်ရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ အဆိုး အကောင်းကို ချပြပြီး ပျက်သားစွာ ဆောင်ရွက်ဖို့နဲ့ ရွေးကောက်တင်မြှောက်ခံ အစိုးရတစ်ရပ်ဟာ အခန်းအမတွေက ပြောဆိုမှုတွေကို ကြောက်နေစရာမလိုဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

■ ဧပြီလ ၂၄ ရက်နေ့က စတင်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်အပေါ် ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

■ ဒီလိုပြောကြားရာမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဗီတိုအာဏာအသုံးပြု ရပ်တည်ပေးမှုတွေအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ဆိုးကျိုးများမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေကလွဲလို့ တခြားစီမံကိန်းတွေကို ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါတယ်။

■ အပြည့်အစုံကို ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6