တပ်မတော် အမျိုးသားနိုင်ငံရေးဦးဆောင်လိုရင် ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲဝင်ဖို့လို

0
250






■ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ အမျိုးသားနိုင်ငံရေးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ အမှန်တကယ် ပါဝင်ဆောင်ရွက်လိုတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို နမူနာထားပြီး ယူနီဖောင်းချွတ်ကာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြဖို့ လိုတယ်လို့ တပ်မတော် အရာရှိဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောကြားလိုက်ပါတယ်။

■ ဒါ့အပြင် ကာကွယ်ရေးနဲ့ ပြည်ထဲရေးကို တွဲကိုင်ထားတဲ့ တပ်မတော် စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင်း တစ်နိုင်ငံလုံး ဥပဒေစိုးမိုးရေးမရှိသလို ပြည်သူတွေ ကျီးလန့်စာ စားနေရတဲ့အပြင် အခုအချိန်အထိ စီးပွားရေး ဦးမော့အောင် မဆောင်ရွက်နိုင်သေးသလို တပ်မတော်ရဲ့ ပုံရိပ်ကိုပါ မြှင့်တင်အောင် မဆောင်ရွက်နိုင်သေးဘူးလို့လည်း ကိုနေမျိုးဇင်က ပြောပါတယ်။

■ MCN သတင်းဌာနရဲ့ (၇၄) နှစ်မြောက် တော်လှန်ရေးနေ့ (သို့) တပ်မတော်နေ့နဲ့ပတ်သက်ပြီး လက်ရှိ တပ်မတော်အပေါ် သဘောထားတွေကို ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။

■ အပြည့်အစုံကို MCN သတင်းဌာနရဲ့ The Streamiz Show အစီအစဉ်မှာ ရှု့စားနိုင်ကြမြှာ့ဖစ်ပါတယ်။

?bph6