ထိုင်းရွေးကောက်ပွဲ နောက်ဆုံး အခြေအနေ (၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်)

0
68

ထိုင်းရွေးကောက်ပွဲ နောက်ဆုံး အခြေအနေ (၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့)








■ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ရလဒ်တွေမှာတော့ မတ်လ ၂၅ ရက်နေ့ (မြန်မာစံတော်ချိန် ည (၈) နာရီ) (ထိုင်း စံတော်ချိန် ည ၇ နာရီခွဲ) အချိန် ဆန္ဒမဲ ၉၄ % ကို ရည်တွက်ပြီးချိန်မှာတော့ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ ပလန် ပရာချာ ရတ် ပါတီကက ဆန္ဒမဲ ၇ သန်း ၉ သိန်းနဲ့ ပထမနေရာမှာ ဦးဆောင်နေပေမယ့် ပါတီက ရွေးကောက်တင်မြှောက်ခံရတဲ့ အမတ်နေရာကတော့ ၁၁၈ နေရာနဲ့ ဒုတိယနေရာမှာပဲ ရှိနေပါတယ်။

■ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထူထောင်ခဲ့တဲ့ ဖုယာထိုင်းပါတီကတော့ ထောက်ခံတဲ့ ဆန္ဒမဲ ၇ သန်း ၄ သိန်းကျော်နဲ့ ဒုတိယနေရာမှာရှိနေပေမယ့် အမတ်နေရာ ၁၂၉ ဦးနဲ့ ရွေးကောက်တင်မြှောက်ခံထားရပြီး ပထမအများဆုံးနဲ့ ဦးဆောင်နေတာပါ။

■ အသက် ၃၀ ကျော် ဘီလျံနာ ထိုင်းလူငယ်သူဌေး သနာတွန်းဂျူအန်ဂရူးဂရူအန်ကစ် ဦးဆောင်တဲ့ အနာခွပ်မိုင်ပါတီကတော့ ပါတီကိုထောက်ခံတဲ့ ဆန္ဒမဲ ၅ သန်း ၈ သိန်းနဲ့ တတိယနေရာမှာ ဦးဆောင်နေကာ အမတ်နေရာ ၇၈ ဦး ရွေးကောက် တင်မြှောက်ခံထားရပြီလဲ ဖြစ်ပါတယ်။

■ ဒီအခြေအနေဖြစ်ပေါ်နေတာကြောင့် အင်အားကြီး အနိုင်ရ ပါတီကြီး ၂ ခုအနေနဲ့ အောက်လွှတ်တော်မှာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စုစုပေါင်း အမတ် ၂၅၀ ကျော် ရရှိဖို့ ခက်ခဲနေသလို အထက်လွှတ်တော်နဲ့ အေက်လွှတ်တော် နှစ်ရပ်ပေါင်း ဝန်ကြီးချုပ် ခန့်အပ်ရေးမှာ အမတ် ၃၇၆ ဦး ရဲ့ ဆန္ဒမဲတွေ လိုအပ်နေကြတာပါ ဒါကြောင် တတိယနဲ့ စတုတ္တအဆင့် အနိုင်ရရှိထားတဲ့ အင်အား အလယ်အလတ်ရှိ နိုင်ငံရေးပါတီတွေနဲ့ကြား ဆွေးနွေးမှုတွေ ရှိနေတာဖြစ်ပါတယ်။

■ ဒီလို ထိုင်းနိုင်ငံရွေးကောက်ပွဲ နောက်ဆုံးအခြေအနေတွေကို ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၄၀ ကျော် နေထိုင်ရင်း ဘီဘီစီ (မြန်မာ) ပိုင်းနဲ့ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာတွေမှာ သတင်းထောက် အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာ ဆရာဦးဝင်းမြင့်ကို သူနေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

■ အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6