အာဏာသိမ်းမှုအပြီး ပထမဆုံး ပြန်ကျင်းပတဲ့ ထိုင်း ရွေးကောက်ပွဲ
0
125
■ ၂၀၁၄ ခုနှစ်က ၁၃ ကြိမ်မြောက် စစ်အာဏာသိမ်းမှုအပြီး အကြိမ် ၂၀ ပြည့် အခြေခံဥပဒေနဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကတော့ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ ကျင်းပခဲ့ပါပြီ။
■ အခုကျင်းပနေတဲ့ ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင် ၅၁.၄ သန်းက နိုင်ငံရေးပါတီပေါင်း ၁၀ဝ ကျော်က အမတ်ပေါင်း ၁၄၀ဝ၀ ကျော်ကို အောက်လွှတ်တော် အမတ်နေရာ ၅၀ဝ စာအတွက် ရွေးကောက် တင်မြှောက်နေကြတာပါ။
■ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့အပြင် ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေပါ တူညီလှတဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်တွေက ဘယ်လိုတွေ ရှိတယ်။ ရွေးကောက်ပွဲနေ့မှာ ထိုင်းနိုင်ငံသားတွေ ဘယ်လို ဖြတ်သန်းကြတယ်၊ အခြေခံဥပဒေရဲ့ ပြဿနာကို ထိုင်းနိုင်ငံရေးပါတီတွေက ဘယ်လို သဘောထားတယ် စတဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။း
■ ဒီလို တင်ဆက်နိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်လျှက် ဘီဘီစီ (မြန်မာ) ပိုင်းအပါအဝင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအသီးသီးမှာ သတင်းထောက်အဖြစ် ဆောင်ရွက်နေတဲ့ ဦးဝင်းမြင့်ကို သူနေထိုင်ရာ ထိုင်နိုင်ငံ မဲဆောက်ကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။
■ အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ “ထိုင်းရွေးကောက်ပွဲ အထူးအစီအစဉ်” အဖြစ် The Streamiz Show အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။
?bph6