ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို ႏိုင္ငံေရးအက်ဥ္းသားအျဖစ္ AAPP သတ္မွတ္

0
389

■ စစ္ေတြခ႐ိုင္ တရား႐ံုးက ေထာင္ဒဏ္ ၂၂ ႏွစ္ ခ်မွတ္ခဲ့တဲ့ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို ႏိုင္ငံေရး အက်ဥ္းသားေတြအျဖစ္ သတ္မွတ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ျမန္မာႏိုင္ငံ) AAPP က တရား၀င္ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

■ ႏွစ္ေပါင္း ၂၀ ေက်ာ္ ႏိုင္ငံေရးအက်ဥ္းသား ကူညီေစာင့္ေရးေတြကို ေဆာင္ရြက္ခဲ့တဲ့ AAPP ရဲ႕ သတ္မွတ္ထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားဆိုင္ရာ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြနဲ႔ ကိုက္ညီမႈ ရွိတာေၾကာင့္ သတ္မွတ္လိုက္တာ ျဖစ္တယ္လို႔ AAPP အဖြဲ႔ရဲ႕ အတြင္းေရးမွဴး ဦးတိတ္ႏိုင္က MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းမႈကို ေျဖၾကားစဥ္ ေျပာၾကားလိုက္တာပါ။

■ လတ္တေလာအေျခအေနမွာေတာ့ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာေ၀ဟင္ေအာင္တို႔ဟာ ျပည္ေထာင္စုကေန ခြဲထြက္ဖို႔ အယူအဆကို ေဟာေျပာခဲ့ တာေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ခံရရင္ ႏိုင္ငံေရးအက်ဥ္းသားလို႔ သတ္မွတ္လို႔မရဘဲ ရာဇဝတ္ျပစ္မႈလို႔သာ သတ္မွတ္ရ မွာျဖစ္တယ္လို႔ NLD ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားထားတာပါ။

■ ဒီအေပၚကိုလည္း ေဒါက္တာမ်ိဳးညြန္႔အေနနဲ႔ တစ္ဦးတည္းရဲ႕ သေဘာထားကို ေျပာတာလား၊ အစိုးရရဲ႕ သေဘာထားကို ေျပာတာလား၊ NLD ပါတီရဲ႕ သေဘာထားကို ေျပာတာလားဆို ျပန္ေမးရမယ့္ အေျခအေနျဖစ္တယ္လို႔လည္း ဦးတိတ္ႏိုင္က ေျပာပါတယ္။

■ ၂၀၁၅ ခုႏွစ္ မတိုင္ခင္က ျမန္မာႏိုင္ငံအႏွံက အက်ဥ္းေထာင္ေတြထဲမွာ ႏိုင္ငံေရးအက်ဥ္းသား (၂၇) ဦး ရွိခဲ့ရာက NLD အစိုးရလက္ထက္ ၂၀၁၉ ခုႏွစ္၊ မတ္လ အေရာက္မွာေတာ့ ႏိုင္ငံေရးအက်ဥ္းသား (၅၉) ဦးအထိ ရွိလာေနတာပါ။

■ ဒါ့အျပင္ ႏိုင္ငံေရးဆိုင္ရာ ဥပေဒပုဒ္မေတြနဲ႔ တရားရင္ဆိုင္ေနရသူ ၃၀၀ နီးပါလည္း ရွိေနၿပီး ဒီထဲက လူ ၁၀၀ ေလာက္ကေတာ့ အက်ဥ္းေထာင္ေတြထဲကေန အမႈရင္ဆိုင္ေနရတယ္လို႔လည္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ျမန္မာႏိုင္ငံ) AAPP ရဲ႕ ကိန္းဂဏန္းေတြက ေဖာ္ျပေနတာျဖစ္ပါတယ္။

■ အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ “ဆက္သြယ္ေမးျမန္းခန္း အထူးအစီအစဥ္” The Streamiz Show အစီအစဥ္မွာ ၾကည့္ရႈ႕ႏိုင္ၾကမွာျဖစ္ပါတယ္။


■ စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့တဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံရေး အကျဉ်းသားတွေအဖြစ် သတ်မှတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

■ နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရေးတွေကို ဆောင်ရွက်ခဲ့တဲ့ AAPP ရဲ့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ကိုက်ညီမှု ရှိတာကြောင့် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ AAPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားလိုက်တာပါ။

■ လတ်တလောအခြေအနေမှာတော့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အယူအဆကို ဟောပြောခဲ့ တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရရင် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်လို့မရဘဲ ရာဇဝတ်ပြစ်မှုလို့သာ သတ်မှတ်ရ မှာဖြစ်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားတာပါ။

■ ဒီအပေါ်ကိုလည်း ဒေါက်တာမျိုးညွန့်အနေနဲ့ တစ်ဦးတည်းရဲ့ သဘောထားကို ပြောတာလား၊ အစိုးရရဲ့ သဘောထားကို ပြောတာလား၊ NLD ပါတီရဲ့ သဘောထားကို ပြောတာလားဆို ပြန်မေးရမယ့် အခြေအနေဖြစ်တယ်လို့လည်း ဦးတိတ်နိုင်က ပြောပါတယ်။

■ ၂၀၁၅ ခုနှစ် မတိုင်ခင်က မြန်မာနိုင်ငံအနှံက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား (၂၇) ဦး ရှိခဲ့ရာက NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ မတ်လ အရောက်မှာတော့ နိုင်ငံရေးအကျဉ်းသား (၅၉) ဦးအထိ ရှိလာနေတာပါ။

■ ဒါ့အပြင် နိုင်ငံရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရသူ ၃၀ဝ နီးပါလည်း ရှိနေပြီး ဒီထဲက လူ ၁၀ဝ လောက်ကတော့ အကျဉ်းထောင်တွေထဲကနေ အမှုရင်ဆိုင်နေရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေတာဖြစ်ပါတယ်။

■ အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ “ဆက်သွယ်မေးမြန်းခန်း အထူးအစီအစဉ်” The Streamiz Show အစီအစဉ်မှာ ကြည့်ရှု့နိုင်ကြမှာဖြစ်ပါတယ်။

?bph6