NCA လက်မှတ်ထိုးနိုင်တဲ့အထိ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့အထိ မျှော်လင့်ဟုဆို

0
230





■ AA အပါအဝင် NCA မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုအနေနဲ့ မကြာခင် ပါဝင်လက်မှတ်ရေးထိုး လာနိုင်တဲ့အထိ နှစ်ဖက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ဆက်လက်ပြုလုပ်သွားဖို့ မျှော်လင့်ထားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် (PC) ရဲ့အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောကြားလိုက်ပါတယ်။

■ ဒီကနေ့ မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ (FPNCC ) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောကြားလိုက်တာပါ။

■ အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ အထူးဆက်သွယ်မေးမြန်းခန်း အစီအစဉ် The Streamiz Show အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6