ေဒါက္တာေအးေမာင္တို႔ကို ႏွစ္ရွည္ ျပစ္ဒဏ္ခ်မွတ္မႈ ဒီမိုကေရစီစနစ္နဲ႔ မသင့္ေတာ္ဟုဆို

0
554

● ဒီမိုကေရစီႏိုင္ငံေတြမွာ အတိုက္အခံႏိုင္ငံေရးသမားေတြအတြက္ လြတ္လပ္စြာ ေ၀ဖန္ေျပာဆိုခြင့္ဆိုတာ အခြင့္အေရး တစ္ခုအေနနဲ႔ ရွိတာေၾကာင့္ ဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းေနတဲ့ ျမန္မာႏိုင္ငံမွာ ေဒါက္တာေအးေမာင္တို႔ကို ႏွစ္ရွည္ျပစ္ဒဏ္ေတြ ခ်မွတ္လိုက္တာဟာ မသင့္ေတာ္ဘူးလို႔ စာေရးဆရာ ဆရာေက်ာ္၀င္းက ေျပာၾကားလိုက္ပါတယ္။

● ဒါ့အျပင္ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေ၀ဟင္ေအာင္တို႔ကို ႏွစ္ရွည္ ေထာင္ဒဏ္ေတြ ခ်မွတ္မႈဟာ ျမန္မာ့ဒီမိုကေရစီအတြက္ေရာ တည္ဆဲအစိုးရအတြက္ပါ မေကာင္းဘူးလို႔လည္း ဆရာေက်ာ္၀င္းက ေျပာပါတယ္။
● ေဒါက္တာေအးေမာင္တို႔ကို အခု အေရးယူသလို အေရးယူရမယ္ဆိုရင္ အခုေခတ္ စာေရးဆရာေတာ္ေတာ္မ်ားမ်ား ေထာင္ထဲက ထြက္ရမွာ မဟုတ္ဘူးလို႔လည္း ဆရာေက်ာ္၀င္းက MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခန္းမွာ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

● ဒါ့အျပင္ တုိင္းရင္းသားေတြအတြက္ ေခတ္အဆက္ဆက္ အစိုးရေတြက ပင္လံုကတိက၀တ္ကို ကိုယ္စားျပဳမယ့္ အေကာင္အထည္ရွိတာမ်ိဳး လုပ္မျပခဲ့ပဲ ေၾကး႐ုပ္ပံု လုပ္တာမ်ိဳးေတြနဲ႔ တံတားနံမည္ေပးတာေတြနဲ႔ အခ်ိန္ကုန္ခဲ့ၿပီး အဲ့ဒါဟာ လိုအပ္တဲ့ တိုင္းရင္းသားစည္းလံုး ညီညြတ္ေရးကို မတည္ေဆာက္ႏိုင္ခဲ့တဲ့ သေဘာျဖစ္တယ္လို႔လည္း ဆရာေက်ာ္၀င္းက ေျပာၾကားလုိက္တာျဖစ္ပါတယ္။

● အလားတူ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ လိုအပ္တဲ့ အေျခခံ အေၾကာင္းအရင္းေတြအေပၚ ဆရာေက်ာ္၀င္းရဲ႕ အျပဳသေဘာနဲ႔ သံုးသပ္ ေျပာၾကားထား တာေတြကိုလည္း MCN သတင္းဌာနရဲ႕ အထူးဆက္သြယ္ေမးျမန္းခန္း အစီအစဥ္ “The Streamiz Show” မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


● ဒီမိုကရေစီနိုင်ငံတွေမှာ အတိုက်အခံနိုင်ငံရေးသမားတွေအတွက် လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ဆိုတာ အခွင့်အရေး တစ်ခုအနေနဲ့ ရှိတာကြောင့် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒေါက်တာအေးမောင်တို့ကို နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဟာ မသင့်တော်ဘူးလို့ စာရေးဆရာ ဆရာကျော်ဝင်းက ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်မှုဟာ မြန်မာ့ဒီမိုကရေစီအတွက်ရော တည်ဆဲအစိုးရအတွက်ပါ မကောင်းဘူးလို့လည်း ဆရာကျော်ဝင်းက ပြောပါတယ်။
● ဒေါက်တာအေးမောင်တို့ကို အခု အရေးယူသလို အရေးယူရမယ်ဆိုရင် အခုခေတ် စာရေးဆရာတော်တော်များများ ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူးလို့လည်း ဆရာကျော်ဝင်းက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

● ဒါ့အပြင် တိုင်းရင်းသားတွေအတွက် ခေတ်အဆက်ဆက် အစိုးရတွေက ပင်လုံကတိကဝတ်ကို ကိုယ်စားပြုမယ့် အကောင်အထည်ရှိတာမျိုး လုပ်မပြခဲ့ပဲ ကြေးရုပ်ပုံ လုပ်တာမျိုးတွေနဲ့ တံတားနံမည်ပေးတာတွေနဲ့ အချိန်ကုန်ခဲ့ပြီး အဲ့ဒါဟာ လိုအပ်တဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို မတည်ဆောက်နိုင်ခဲ့တဲ့ သဘောဖြစ်တယ်လို့လည်း ဆရာကျော်ဝင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။

● အလားတူ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံ အကြောင်းအရင်းတွေအပေါ် ဆရာကျော်ဝင်းရဲ့ အပြုသဘောနဲ့ သုံးသပ် ပြောကြားထား တာတွေကိုလည်း MCN သတင်းဌာနရဲ့ အထူးဆက်သွယ်မေးမြန်းခန်း အစီအစဉ် “The Streamiz Show” မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။