ေဒါက္တာေအးေမာင္တို႔ရဲ႕ ျပစ္ဒဏ္ေတြကို ျပန္လည္သံုးသပ္ေပးဖို႔ လူေဘာင္သစ္ပါတီ ေမတၱာရပ္ခံ

0
906

● ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေ၀ဟင္ေအာင္တို႔အေပၚ ခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္ေတြကို ျပန္လည္သံုးသပ္ၿပီး ျဖစ္သင့္ျဖစ္ထိုက္တာေတြကို ျပန္လည္ေဆာင္ရြက္ေပးဖုိ႔ အစိုးရကို “လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ” က ေမတၱာရပ္ခံ ပန္႔ၾကားလိုက္ပါတယ္။

● ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုကို ေဖာ္ေဆာင္ေနတဲ့ ဒီကေန႔လို အခ်ိန္မ်ိဳးမွာ အက်ဥ္းေထာင္ေတြထဲ ႏိုင္ငံေရးအက်ဥ္းသား တစ္ေယာက္မွ မရွိသင့္တဲ့အေျခအေနမ်ိဳး ျဖစ္ေပမယ့္ ဆက္ရွိေနေသးတဲ့အေပၚ အစိုးရအေနနဲ႔ ထည့္သြင္းစဥ္းစား ေဆာင္ရြက္ေပးဖို႔ကိုလည္း “လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ” ရဲ႕ ဥကၠ႒ ဦးေအာင္မိုးေဇာ္က ေတာင္းဆိုထားတာပါ။

● ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာ ေ၀ဟင္ေအာင္တို႔အေပၚ ျပစ္ဒဏ္ေတြ အသီးသီးခ်မွတ္လိုက္တဲ့အေပၚ ႏိုင္ငံေရးပါတီေတြရဲ႕သေဘာထားေတြ သိရဖို႔ MCN သတင္းဌာနက ဆက္သြယ္ေမးျမန္းရာမွာ “လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ” ရဲ႕ ဥကၠ႒ ဦးေအာင္မိုးေဇာ္က ေျပာၾကားလိုက္တာျဖစ္ပါတယ္။

● အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ အထူးဆက္သြယ္ေမးျမန္းခန္းအစီအစဥ္ျဖစ္တဲ့ “The Streamize Show” အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


● ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကို ပြန်လည်သုံးသပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပြန်လည်ဆောင်ရွက်ပေးဖို့ အစိုးရကို “လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” က မေတ္တာရပ်ခံ ပန့်ကြားလိုက်ပါတယ်။

● ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်နေတဲ့ ဒီကနေ့လို အချိန်မျိုးမှာ အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မရှိသင့်တဲ့အခြေအနေမျိုး ဖြစ်ပေမယ့် ဆက်ရှိနေသေးတဲ့အပေါ် အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ကိုလည်း “လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” ရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က တောင်းဆိုထားတာပါ။

● ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အပေါ် ပြစ်ဒဏ်တွေ အသီးသီးချမှတ်လိုက်တဲ့အပေါ် နိုင်ငံရေးပါတီတွေရဲ့သဘောထားတွေ သိရဖို့ MCN သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ “လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” ရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားလိုက်တာဖြစ်ပါတယ်။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ အထူးဆက်သွယ်မေးမြန်းခန်းအစီအစဉ်ဖြစ်တဲ့ “The Streamize Show” အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6