ဒေါက်တာအေးမောင်တို့ကို ပြစ်ဒဏ်ချမှတ်မှုက ရခိုင်တွေရဲ့ နာကြည်းစိတ် ပိုမိုကြီးမားလာစေမယ်

0
997




●အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ အထူးဆက်သွယ်မေးမြန်းခန်းအစီအစဉ်ဖြစ်တဲ့ “The Streamiz Show” အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။


● ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ် ၂၀ ကျော် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာကြောင့် ရခိုင် တိုင်းရင်းသားတွေ နာကြည်းစိတ် ပိုမိုကြီးမားလာနိုင်ပြီး အဲ့ဒါက AA အတွက် အခွင့်အရေးကောင်း ဖြစ်လာမယ့်အပြင် ပြည်နယ်ထဲမှာ တင်းမာမှုတွေ ပိုမိုများပြား လာလိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် မတ်လ ၂၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိနေတဲ့ AA အဖွဲ့အနေနဲ့ ဒီလို ရခိုင်ပြည်နယ်ထဲက သူတို့ကိုထောက်ခံတဲ့ အနေအထား ပိုအားကောင်းလာတာကြောင့် တောင်းဆိုမှုတွေကို ပိုမိုပြီး တင်းတင်းမာမာ လုပ်လာလိမ့်မယ်လို့လည်း သူက ပြောကြားထားတာပါ။

● ဒေါက်တာအေးမောင်တို့ကို ပြစ်ဒဏ်အသီးသီးချမှတ်မှုကြောင့် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်မလဲ ဆိုတာကို MCN သတင်းဌာနက ဆက်သွယ်မေးမြန်းခန်းပြုလုပ်ရာမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်တာပါ။

●အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ အထူးဆက်သွယ်မေးမြန်းခန်းအစီအစဉ်ဖြစ်တဲ့ “The Streamize Show” အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6