အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း အငြင်းပွားမှု ကာချုပ် တာဝန်အရှိဆုံးဟုဆို

0
59






● လွှတ်တော်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အငြင်းပွားမှုတွေနဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ တာဝန် အရှိဆုံး ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် (ဥက္ကဋ္ဌ) ဦးသန်းညွန့်က ပြောကြားလိုက်ပါတယ်။

● အခြေခံဥပဒေ ပုဒ်မ ၂၀ ပုဒ်မခွဲ (စ) အရ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” ဆိုတဲ့ ပြဌာန်းချက်ကို မျက်ကွက်ပြုပြီး လုပ်ချင်ရာ လုပ်နေတာကို လက်ပိုက်ပြီး ကြည့်နေခဲ့တယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

● မတ်လ ၁၅ ရက်နေ့က ရပ်နားခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်းမှာ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး “ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း” ကို ဥပဒေ၊ နည်းဥပဒေနဲ့အညီ လွှတ်တော်က ဆောင်ရွက်ခွင့် မပေးပဲ အခြားနည်း အသုံးပြုခဲ့တဲ့အပေါ် ဥပဒေအရ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် အဓိက တာဝန်ယူဖို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

● အပြည်အစုံကို MCN သတင်းဌာနရဲ့ မတ်လ ၁၅ ရက်နေ့က “ဆက်သွယ်မေးမြန်းခန်း” အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6