လွှတ်တော်အတွင်းက ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆွေးနွေးငြင်းခုန်မှုတွေကို ချဉ်းကပ်ခြင်း

0
293

● ဒီကနေ့ မတ်လ ၁၄ ရက် (ကြာသာပတေးနေ့) မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အပြန်အလှန် ဆွေးနွေး ငြင်းခုန်မှုတွေ ပြင်းထန်ခဲ့တဲ့ USDP ပါတီက တင်သွင်းထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို NLD ပါတီဦးဆောင်တဲ့ ၄၅ ဦးပါ ၂၀၀၈ ခြေဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေထဲ ထည့်သွင်းဆောင်ရွက်ဖို့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာကို ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

● လွှတ်တော်တွင်း အပြန်အလှန်ဆွေးနွေးမှုတွေအရ အခြေခံဥပဒေအရ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေလည်း အများအပြားရှိနေပြီး နှစ်ဖက်စလုံးကလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော် နာယကကို တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။

● ဒီအခြေအနေအပေါ် ဥပဒေပညာရပ်တွေအရ ဥပဒေရဲ့ အမှန်တရားကို ချဉ်းကပ် ရှာဖွေကြည့်တဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သလို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု့ရဲ့ ဖက်ဒရယ်နှင့် အခြေခံဥပဒေပြင်ဆင်ရေးဌာနရဲ့ ညွှန်ကြားရေးမှူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို MCN သတင်းဌာနရဲ့ အထူးဆက်သွယ် မေးမြန်းခန်း အစီအစဉ်ကနေ (မတ်လ ၁၃ ရက်နေ့) ညပိုင်းက တိုက်ရိုက်ဆက်သွယ်မေးမြန်း ထားတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

?bph6