ပိုမို ကောင်းမွန်ပြည်စုံတဲ့ ခြေ/ဥ ပြင်ဖို့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ခွင့်ပြုလိုက်သင့်ဟုဆို

0
431







● အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို နားလည်မှုပေးပြီး အပြုသဘောနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ၄၅ ဦး ကော်မတီရဲ့ ပြင်ပကနေ ဆောင်ရွက်ခွင့်ပြုဖို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) က အကြံပြုပြောကြားလိုက်ပါတယ်။

● အဲ့ဒီနောက် ပုဒ်မ ၂၆၁ ပြင်ဆင်မှုကြောင့် မဖြစ်မနေ ပြင်ဆင်ဖို့ ရှိမယ့် ပုဒ်မတွေနဲ့အတူ ပြည်သူတွေလို လိုလားတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနစ်နဲ့
ကိုက်ညီမှု မရှိတဲ့ ပုဒ်မတွေကိုပါ ပေါင်းပြီး ထပ်မံ ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သလို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က တိုက်တွန်း ပြောကြားလိုက်တာပါ။

● ဒီကနေ့ မတ်လ ၁၄ ရက် (ကြာသာပတေးနေ့) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးဖို့ ရှိနေတဲ့အပေါ် (ဗုဒ္ဓဟူးနေ့ည) က MCN သတင်းဌာနရဲ့ အထူးဆက်သွယ်မေးမြန်းခန်းကို ဖြေကြားစဉ် ဦးရဲထွန်း (သီပေါ) က အဲ့ဒီလို ပြောကြားခဲ့တာပါ။

● ဒီလိုပြောကြားရာမှာတော့ ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် အပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားပါတယ်လို့ ပြောဆိုနေကြတဲ့ နိုင်ငံရေးအင်အားစုတွေ အပါအဝင် အားလုံးကို စမ်းသပ်ထားတဲ့ စမ်းသပ်ကွက်လို ဖြစ်နေတာကြောင့် ဒီအကြိမ်ကို အပြုသဘောနဲ့ ဆောင်ရွက်ပေးရင်း လိုအပ်လာမယ့် ဥပဒေတွေကို ထပ်မံပြင်ဆင်ကြဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေတ္တာရပ်ခံ တိုက်တွန်းပြောကြား ပါတယ်။

အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ မတ်လ ၁၃ ရက်နေ့ညက ရုပ်/သံ ထုတ်လုပ်မှုမှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။