ကုလအထူးကုိယ္စားလွယ္သစ္ ရန္ဟီးလီလို မ်ိဳးပဲဆိုရင္ အဆိုး မဆိုၾကဖို႔ ၀ီရသူ မိန္႔ၿပီ

0
477

ျမန္မာႏိုင္ငံဆုိင္ရာ ကုလ အထူးကုိယ္စားလွယ္သစ္ မစၥ ခရစၥတင္း ရွာရာနာ ဘာဂနာ (Mrs. Christine Schraner Burgener) ရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ေစာင့္ၾကည့္ေနၿပီး အရင္အထူးကိုယ္စားလွယ္ မစၥရန္ဟီးလီ (Ms. Yanghee Lee) လိုမ်ိဳးပဲဆိုရင္ေတာ့ အဆိုး မဆိုၾကဖို႔ အမ်ိဳးသားေရး ဦးေဆာင္သံဃာေတာ္တစ္ပါးျဖစ္တဲ့ အရွင္ဝီရသူ (မစိုးရိမ္) က မိန္႔ၾကား လိုက္ပါတယ္။

မစၥရန္ဟီးလီအေနနဲ႔ သူတာ၀န္ယူေဆာင္ရြက္စဥ္ ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ဟိႏၵဴဘာသာ၀င္ေတြနဲ႔ ဌာေနတိုင္းရင္းသားေတြရဲ႕ က်ီးလန္႔စာစား ဘ၀ေတြအေၾကာင္းေတြကို ထည့္သြင္းေျပာပဲ တဖက္သက္ ေျပာဆိုခဲ့တာေတြေၾကာင့္ ျပင္းျပင္းထန္ထန္ တံု႔ျပန္ခဲ့ရတာျဖစ္တယ္လို႔လည္း အရွင္ဝီရသူ (မစိုးရိမ္) က မိန္႔ၾကားလိုက္တာပါ။

ဒါအျပင္ အစိုးရမဟုတ္တဲ့ ျပည္တြင္းျပည္ပ ႏိုင္ငံတကာအဖြဲ႔အစည္းေတြအပါအ၀င္ လက္ရွိအစိုးရ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ႏိုင္ငံေရးသမားေတြအားလံုး ဓမၼဓိဌာန္က်က် ေျပာဆို၊ ျပဳမူ ေဆာင္ရြက္ၾကဖို႔ကိုလည္း အရွင္ဝီရသူ (မစိုးရိမ္) က မိန္႔ပါတယ္။

ျမန္မာႏိုင္ငံဆုိင္ရာ ကုလ အထူးကုိယ္စားလွယ္သစ္ မစၥ ခရစၥတင္း ရွာရာနာ ဘာဂနာ (Mrs. Christine Schraner Burgener) ဟာၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ျမန္မာႏိုင္ငံကို လာေရာက္ခဲ့တာပါ။

ဒီခရီးစဥ္အတြင္းမွာေတာ့ ႏိုင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔ကေတြ႔ဆံုမႈအတြင္း ျမန္မာႏိုင္ငံမွာ “ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ႐ုံးခန္း” ဖြင့္လွစ္ေရး ကိစၥေတြလည္း ေဆြးေႏြးမႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကလည္း အထူးကုိယ္စားလွယ္သစ္ မစၥ ခရစၥတင္း ရွာရာနာ ဘာဂနာ (Mrs. Christine Schraner Burgener) ဟာ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးနဲ႔လည္း ေတြ႔ဆံုမႈရွိခဲ့ၿပီး ႏုိင္ငံသားျဖစ္ခြင့္၊ လြတ္လပ္စြာ လွဳပ္ရွားသြားလာခြင့္၊ IDP စခန္းမ်ား ပိတ္သိမ္းေရး၊ ေနရပ္စြန္႔ခြာသူေတြ ျပန္လည္လက္ခံေရးကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။


 


မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်သစ် မစ္စ ခရစ္စတင်း ရှာရာနာ ဘာဂနာ (Mrs. Christine Schraner Burgener) ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်နေပြီး အရင်အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ (Ms. Yanghee Lee) လိုမျိုးပဲဆိုရင်တော့ အဆိုး မဆိုကြဖို့ အမျိုးသားရေး ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူ (မစိုးရိမ်) က မိန့်ကြား လိုက်ပါတယ်။

မစ္စရန်ဟီးလီအနေနဲ့ သူတာဝန်ယူဆောင်ရွက်စဉ် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဟိန္ဒူဘာသာဝင်တွေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ကျီးလန့်စာစား ဘဝတွေအကြောင်းတွေကို ထည့်သွင်းပြောပဲ တဖက်သက် ပြောဆိုခဲ့တာတွေကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရတာဖြစ်တယ်လို့လည်း အရှင်ဝီရသူ (မစိုးရိမ်) က မိန့်ကြားလိုက်တာပါ။

ဒါအပြင် အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် လက်ရှိအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးသမားတွေအားလုံး ဓမ္မဓိဌာန်ကျကျ ပြောဆို၊ ပြုမူ ဆောင်ရွက်ကြဖို့ကိုလည်း အရှင်ဝီရသူ (မစိုးရိမ်) က မိန့်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်သစ် မစ္စ ခရစ္စတင်း ရှာရာနာ ဘာဂနာ (Mrs. Christine Schraner Burgener) ဟာပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။

ဒီခရီးစဉ်အတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ “ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ရုံးခန်း” ဖွင့်လှစ်ရေး ကိစ္စတွေလည်း ဆွေးနွေးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း အထူးကိုယ်စားလှယ်သစ် မစ္စ ခရစ္စတင်း ရှာရာနာ ဘာဂနာ (Mrs. Christine Schraner Burgener) ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့လည်း တွေ့ဆုံမှုရှိခဲ့ပြီး နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

?bph6