လူအမ်ားညီလို႔ “ဤ” ကို “ကၽြဲ” ဆိုၿပီး ေဆာင္ရြက္ခ်က္ေတြ စည္းမ်ဥ္းစည္းကမ္းနဲ႔ မညီဟုဆို

0
1090

■ ဒီမိုကေရစီဆိုတာ အမ်ားရဲ႕ဆႏၵအရ ဥပေဒနဲ႔အညီ စည္းကမ္းတက် လိုက္နာလိုက္ပါ လုပ္ေဆာင္ျခင္းျဖစ္ၿပီး လူနည္းစုရဲ႕ ဆႏၵကိုလည္း ေလးစားရကာ၊ လူအမ်ားညီလို႔ “ဤ” ကို “ကၽြဲ” ဆိုၿပီး ေဆာင္ရြက္တာမ်ိဳးဟာ စည္းမ်ဥ္းစည္းကမ္းနဲ႔ မညီတဲ့ လုပ္ေဆာင္ခ်က္ ျဖစ္တဲ့အတြက္ ဒီမိုကေရစီနဲ႔အညီ စည္းကမ္းတက် လုပ္ေဆာင္ခ်င္သူမ်ားအတြက္ အခက္အခဲျဖစ္ေစသလို တည္ၿငိမ္ေအးခ်မ္းမႈပါ ထိခိုက္လာတယ္ဆိုတာ သမုိင္းျဖစ္ရပ္ေတြနဲ႔ အျဖစ္အပ်က္ေတြအေပၚမွာ သင္ခန္းစာ ယူဖို႔ လုိတယ္လို႔ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားလိုက္ပါတယ္။

■ ဒီကေန႔ မတ္လ (၂၇) ရက္ေန႔၊ ေနျပည္ေတာ္မွာက်င္းပျပဳလုပ္ (၇၄) ႏွစ္ေျမာက္ “ေတာ္လွန္ေရးေန႔” (သို႔) “တပ္မေတာ္ေန႔” စစ္ေရးျပအခမ္းအနားမွာ အေျခခံဥပေဒ ျပင္ဆင္ေရး ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းက ေျပာၾကားလိုက္တာပါ။

■ ဒီလိုေျပာၾကားရာမွာေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ အစည္းအေ၀းဟာ ၿပီးဆံုးျခင္းမရွိေသးတဲ့အတြက္ ထပ္မံေပၚေပါက္လာမယ့္ အခ်က္ေတြကိုပါ ၿခံဳငံုေဆာင္ရြက္မွ အေျခခံဥပေဒျပင္ဆင္ေရးဟာ ပိုမိုေလးနက္ေစမွာ ျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

■ ဒါ့အျပင္ အေျခခံဥပေဒ ျပင္ဆင္တဲ့ေနရာမွာလည္း မလိုလားအပ္တဲ့ ႏိုင္ငံေရးအၾကပ္အတည္းနဲ႔ ေဘးထြက္ဆိုးက်ိဳးေတြ မျဖစ္ေစဖို႔ အေျခခံဥပေဒ အခန္း ၁၂ ပါ အေျခခံဥပေဒ ျပင္ဆင္ေရး နည္းလမ္းမ်ားအတိုင္း ဥပေဒနဲ႔အညီ အဆင့္ဆင့္ လုပ္ေဆာင္သြားၾကရမွာ ျဖစ္တယ္လို႔ ဆိုခဲ့တာပါ။

■ အျပည့္အစံုကိုေတာ့ ဒီကေန႔ မတ္လ (၂၇) ရက္ေန႔၊ ေနျပည္ေတာ္မွာက်င္းပျပဳလုပ္ (၇၄) ႏွစ္ေျမာက္ “ေတာ္လွန္ေရးေန႔” (သို႔) “တပ္မေတာ္ေန႔” စစ္ေရးျပအခမ္းအနားမွာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းေျပာၾကားခဲ့တဲ့ မိန္႔ခြန္းအျပည့္အစံုမွာ ေတြ႔ျမင္ၾကရမွာျဖစ္ပါတယ္။


■ ဒီမိုကရေစီဆိုတာ အများရဲ့ဆန္ဒအရ ဥပဒေနဲ့အညီ စည်းကမ်းတကျ လိုက်နာလိုက်ပါ လုပ်ဆောင်ခြင်းဖြစ်ပြီး လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားရကာ၊ လူအများညီလို့ “ဤ” ကို “ကျွဲ” ဆိုပြီး ဆောင်ရွက်တာမျိုးဟာ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့အညီ စည်းကမ်းတကျ လုပ်ဆောင်ချင်သူများအတွက် အခက်အခဲဖြစ်စေသလို တည်ငြိမ်အေးချမ်းမှုပါ ထိခိုက်လာတယ်ဆိုတာ သမိုင်းဖြစ်ရပ်တွေနဲ့ အဖြစ်အပျက်တွေအပေါ်မှာ သင်ခန်းစာ ယူဖို့ လိုတယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

■ ဒီကနေ့ မတ်လ (၂၇) ရက်နေ့၊ နေပြည်တော်မှာကျင်းပပြုလုပ် (၇၄) နှစ်မြောက် “တော်လှန်ရေးနေ့” (သို့) “တပ်မတော်နေ့” စစ်ရေးပြအခမ်းအနားမှာ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်တာပါ။

■ ဒီလိုပြောကြားရာမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးဟာ ပြီးဆုံးခြင်းမရှိသေးတဲ့အတွက် ထပ်မံပေါ်ပေါက်လာမယ့် အချက်တွေကိုပါ ခြုံငုံဆောင်ရွက်မှ အခြေခံဥပဒေပြင်ဆင်ရေးဟာ ပိုမိုလေးနက်စေမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့တာပါ။

■ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာလည်း မလိုလားအပ်တဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေဖို့ အခြေခံဥပဒေ အခန်း ၁၂ ပါ အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများအတိုင်း ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။

■ အပြည့်အစုံကိုတော့ ဒီကနေ့ မတ်လ (၂၇) ရက်နေ့၊ နေပြည်တော်မှာကျင်းပပြုလုပ် (၇၄) နှစ်မြောက် “တော်လှန်ရေးနေ့” (သို့) “တပ်မတော်နေ့” စစ်ရေးပြအခမ်းအနားမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောကြားခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။