NLD နဲ့ USDP တို့ရဲ့ ခြေ/ဥ ပြင်ဆင်ရေး ဥပဒေနဲ့အညီ နှစ်ဖက်လုံးကို သီးခြားစီ ဆောင်ရွက်ခွင့်ပြုသင့်

0
277

● အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ USDP တီတို့ရဲ့ လွှတ်တော်တွင်းမှာ မတူညီတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းတွေကို သီးခြားဆောင်ရွက်မှုတွေအဖြစ် သတ်မှတ်ပြီး ဥပဒေအညီ ၂ ခုလုံးကို တန်တူ ဆောင်ရွက်ခွင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက ပြည်ထောင်စု လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။






● အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ USDP တီတို့ရဲ့ လွှတ်တော်တွင်း မတူညီတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းတွေကို သီးခြားဆောင်ရွက်မှုတွေအဖြစ် သတ်မှတ်ပြီး ဥပဒေအညီ ၂ ခုလုံးကို တန်တူ ဆောင်ရွက်ခွင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက ပြည်ထောင်စု လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

● ကြံ့ခိုင်ရေးပါတီအပါအဝင် ကိုယ်စားလှယ် ၁၄၃ ဦး တင်သွင်းလာတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး သီးခြားဥပဒေကြမ်းတစ်ခုအနေနဲ့ သတ်မှတ်ပြီး ဥပဒေနဲ့အညီ လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်သွားသင့်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် အလားတူပဲ NLD ပါတီဦးဆောင်တဲ့ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၄၅ ဦး ကော်မတီကလည်း အခြေခံဥပဒေကို နိဒါန်းကစ နောက်ဆက်တွဲ ဇယားတွေအထိ လက်ရှိ အခြေခံဥပဒေကို မှီငြမ်းကာ အခြေခံဥပဒေသစ် တစ်ရပ်ပုံစံ ရေးဆွဲရေးမယ့် ပုံစံမျိုးတွေ့နေရတဲ့အတွက် အဲ့ဒီလို သီးခြားဆီ ဆောင်ရွက်ဖို့ တိုက်တွန်းရတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မတ်လ ၁၂ ရက်နေ့ လွတ်တော် အစည်းအဝေးမှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာအပေါ်ဆွေးနွေးစဉ် ရခိုင်အမျိုးသားပါတီရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ပြောကြားခဲ့တာပါ။

● အပြည်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “မှတ်သားလောက်စရာ ပြောစကား” (Quote Of The Day) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6