ႀကံ့ခုိင္ေရးပါတိရဲ႕ ပုဒ္မ ၂၆၁ အေရး လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ မဲခြဲရယူဖို႔ NLD ေျပာၿပီ

0
443

● ႀကံ့ခုိင္ေရးပါတီ တင္သြင္းတဲ့ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးနဲ႔ ဥပေဒၾကမ္း ေလ့လာစိစစ္ေရးေကာ္မတီ အစီရင္ခံစာအေပၚ လႊတ္ေတာ္တြင္း အခုလို ျဖစ္ေပၚေနတဲ့ ေဆြးေႏြးမႈေတြကို နာယကရဲ႕ လုပ္ပိုင္ခြင့္ ဥပေဒနဲ႔အညီ လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ကို မဲခြဲဆံုးျဖတ္ ရယူဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက တိုက္တြန္း ေျပာၾကားလာၿပီျဖစ္ပါတယ္။

● NLD ပါတီရဲ႕ စစ္ကိုင္းေဒသႀကီး၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ အမွတ္ (၃) က အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းေအာင္က မတ္ ၁၂ ရက္ေန႔ လြတ္ေတာ္ အစည္းအေ၀းမွာ ပုဒ္မ ၂၆၁ ျပင္ဆင္ေရး ေလ့လာသံုးသပ္ေရးေကာ္မတီရဲ႕ အစီရင္ခံစာအေပၚ ေထာက္ခံ ေဆြးေႏြးစဥ္ တိုက္တြန္းေျပာၾကားလာတာပါ။

● ဒီလိုေျပာၾကားရာမွာေတာ့ ျပည္ေထာင္စု လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ အခန္း (၃)၊ ပုဒ္မ (၈) ၊ ပုဒ္မခြဲ (ပ) ပါ ျပဌာန္းခ်က္နဲ႔အညီ ျပည္ေထာင္စု လႊတ္ေတာ္ နာယကအေနနဲ႔ ေဆာင္ရြက္ဖို႔ တိုက္တြန္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

● ဒါအျပင္ ျပည္ေထာင္စုလႊတ္ေတာ္ နည္းဥပေဒ ပုဒ္မ ၁၉ (ည) မွာ “ေဆြးေႏြးၿပီးပ်က္ၿပီးေသာ ကိစၥတစ္ရပ္ကို ထပ္မံတင္ျပျခင္းမျပဳရ” ဆိုတဲ့ ျပဌာန္းခ်က္ရွိေပမယ့္လည္း လႊတ္ေတာ္က ေဆြးေႏြး အတည္ျပဳ ၿပီးပ်က္ၿပီးသားကိစၥေတြကို ကန္႔ကြက္တဲ့သေဘာ၊ မေၾကနပ္တဲ့ သေဘာ၊ ထပ္ခါတ ထပ္ခါ တင္ျပေဆြးေႏြးေနတာေတြဟာ လႊတ္ေတာ္ႀကီးရဲ႕ ဂုဏ္သိကၡာကို ညႇိဳးႏႊမ္းရာေရာက္သလို ကိုယ္စားလွယ္ေတြရဲ႕ ဂုဏ္သိကၡာကိုလည္း ညႇိဳးႏြမ္းေစတယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

● ဒါေၾကာင့္ အဲ့ဒီ နည္းဥပေဒ ပုဒ္မ ၂၀ မွာလည္း အေရးယူရန္ နည္းလမ္းေတြကိုလည္း ျပန္ဌာန္းထားတာေၾကာင့္ ကိုယ္စားလွယ္ာေတြအေနနဲ႔ ေဆြးေႏြးခ်က္ေတြဟာ ျပည္သူကို မ်က္ႏွာမူၿပီးေတာ့ ဥပေဒနဲ႔ ညီညြတ္ဖို႔ သတိၱထားေစခ်င္တယ္လို႔လည္း NLD ပါတီရဲ႕ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းေအာင္က ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

● အျပည္အစံုကို MCN သတင္းဌာနက စီစဥ္တင္ဆက္ေပးေနတဲ့ “မွတ္သားေလာက္စရာ ေျပာစကား” (Quote Of The Day) အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


● ကြံ့ခိုင်ရေးပါတီ တင်သွင်းတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနဲ့ ဥပဒေကြမ်း လေ့လာစိစစ်ရေးကော်မတီ အစီရင်ခံစာအပေါ် လွှတ်တော်တွင်း အခုလို ဖြစ်ပေါ်နေတဲ့ ဆွေးနွေးမှုတွေကို နာယကရဲ့ လုပ်ပိုင်ခွင့် ဥပဒေနဲ့အညီ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို မဲခွဲဆုံးဖြတ် ရယူဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုက်တွန်း ပြောကြားလာပြီဖြစ်ပါတယ်။

● NLD ပါတီရဲ့ စစ်ကိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၃) က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က မတ် ၁၂ ရက်နေ့ လွတ်တော် အစည်းအဝေးမှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် ထောက်ခံ ဆွေးနွေးစဉ် တိုက်တွန်းပြောကြားလာတာပါ။

● ဒီလိုပြောကြားရာမှာတော့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း (၃)၊ ပုဒ်မ (၈) ၊ ပုဒ်မခွဲ (ပ) ပါ ပြဌာန်းချက်နဲ့အညီ ပြည်ထောင်စု လွှတ်တော် နာယကအနေနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

● ဒါအပြင် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ ၁၉ (ည) မှာ “ဆွေးနွေးပြီးပျက်ပြီးသော ကိစ္စတစ်ရပ်ကို ထပ်မံတင်ပြခြင်းမပြုရ” ဆိုတဲ့ ပြဌာန်းချက်ရှိပေမယ့်လည်း လွှတ်တော်က ဆွေးနွေး အတည်ပြု ပြီးပျက်ပြီးသားကိစ္စတွေကို ကန့်ကွက်တဲ့သဘော၊ မကြေနပ်တဲ့ သဘော၊ ထပ်ခါတ ထပ်ခါ တင်ပြဆွေးနွေးနေတာတွေဟာ လွှတ်တော်ကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွှမ်းရာရောက်သလို ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေတယ်လို့လည်း ပြောကြားခဲ့တာပါ။

● ဒါကြောင့် အဲ့ဒီ နည်းဥပဒေ ပုဒ်မ ၂၀ မှာလည်း အရေးယူရန် နည်းလမ်းတွေကိုလည်း ပြန်ဌာန်းထားတာကြောင့် ကိုယ်စားလှယာ်တွေအနေနဲ့ ဆွေးနွေးချက်တွေဟာ ပြည်သူကို မျက်နှာမူပြီးတော့ ဥပဒေနဲ့ ညီညွတ်ဖို့ သတ္တိထားစေချင်တယ်လို့လည်း NLD ပါတီရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

● အပြည်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “မှတ်သားလောက်စရာ ပြောစကား” (Quote Of The Day) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။