အေရးႀကီးအဆို မဟုတ္တဲ့ အဆို ႐ုပ္သိမ္းဖို႔နဲ႔ ၄၅ ဦး ေကာ္မတီ ဖ်က္သိမ္းေရး USDP ေတာင္းဆို

0
340

● အရင္ လႊတ္ေတာ္က အစဥ္အလာေတြနဲ႔ ေဆာင္ရြက္ခဲ့တဲ့ အေရးႀကီးအဆိုမဟုတ္တဲ့ ဦးေအာင္ၾကည္ညြန္႔ရဲ႕ အဆုိကို အေရးႀကီးအဆိုအျဖစ္ အတည္ျပဳခဲ့တာကို ျပန္လည္႐ုပ္သိမ္းေပးၿပီး ဥပေဒနဲ႔ မညီတဲ့ ၄၅ ဦးပါ ေကာ္မတီကို ဖ်က္သိမ္းေပးဖို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက ေတာင္းဆိုလိုက္ပါတယ္။

● ဒါအျပင္ အေျခခံဥပေဒပုဒ္မ ၂၆၁ ျပင္ဆင္ႏိုင္ေရးကို ဥပေဒနဲ႔ အညီဆက္လက္ ေဆာင္ရြက္ေပးသြားဖို႔ကို လည္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကကို ေတာင္းဆိုလိုက္ ထားတာပါ။

● မတ္လ ၁၂ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းမွာ ပုဒ္မ ၂၆၁ ျပင္ဆင္ေရး ဥပေဒၾကမ္းအေပၚ အဲ့ဒီဥပေဒၾကမ္းကို ေလ့လာစိစစ္သံုးသပ္တဲ့ ပူးေပါင္းေကာ္မရွင္ရဲ႕ အစီရင္ခံစာကို ကန္႔ကြက္ ေဆြးေႏြးရာမွာ ႀကံ့ခုိင္ေရးပါတီရဲ႕ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက အဲ့ဒီလို ေတာင္းဆိုလိုက္တာပါ။

● ဒါအျပင္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ပ်က္ရယ္ျပဳတဲ့အေနနဲ႔ နိဒါန္း ၁ မွ ၄၅၇ အထိ ျပင္ဆင္မယ္လို႔ လႊတ္ေတာ္တြင္း ေၾကြးေနၾကတာေတြကလည္း ဖ်က္ဆီးေရးကို ဦးတည္ေနၿပီး အေျခခံဥပေဒ ပုဒ္မ ၃၈၄ “ႏိုင္ငံသားတိုင္သည္း ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားကို လုိက္နာ ေစာင့္ထိန္းရန္ တာ၀န္ရွိသည္” ဆိုတဲ့ ျပဌာန္းခ်က္ကို ေဖာက္ဖ်က္ရာ မေရာက္ေအာင္ အခ်ိန္မွိ တားဆီးေပးဖို႔ကိုလည္း ေတာင္းဆိုထား ပါတယ္။

● အလားတူအေျခခံဥပေဒ ျပင္ဆင္ေရးကေန ဖ်က္ဆီးေရးကို ဦးတည္ေနတဲ့ လူထုလႈံ႔ေဆာ္မႈေတြကိုလည္း ထိန္းသိမ္းေပးဖို႔နဲ႔ ဥပေဒနဲ႔ မညီတဲ့ လုပ္ရပ္ေတြကို ရပ္တန္႔ၿပီး ဥပေဒနဲ႔အညီ လုပ္ေဆာင္ေပးဖို႔ကိုလည္း တုိက္တြန္းထားတာပါ။

● အျပည္အစံုကို MCN သတင္းဌာနက စီစဥ္တင္ဆက္ေပးေနတဲ့ “မွတ္သားေလာက္စရာ ေျပာစကား” (Quote Of The Day) အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


● အရင် လွှတ်တော်က အစဉ်အလာတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ အရေးကြီးအဆိုမဟုတ်တဲ့ ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကို အရေးကြီးအဆိုအဖြစ် အတည်ပြုခဲ့တာကို ပြန်လည်ရုပ်သိမ်းပေးပြီး ဥပဒေနဲ့ မညီတဲ့ ၄၅ ဦးပါ ကော်မတီကို ဖျက်သိမ်းပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တောင်းဆိုလိုက်ပါတယ်။

● ဒါအပြင် အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်နိုင်ရေးကို ဥပဒေနဲ့ အညီဆက်လက် ဆောင်ရွက်ပေးသွားဖို့ကို လည်း ပြည်ထောင်စုလွှတ်တော် နာယကကို တောင်းဆိုလိုက် ထားတာပါ။

● မတ်လ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းအပေါ် အဲ့ဒီဥပဒေကြမ်းကို လေ့လာစိစစ်သုံးသပ်တဲ့ ပူးပေါင်းကော်မရှင်ရဲ့ အစီရင်ခံစာကို ကန့်ကွက် ဆွေးနွေးရာမှာ ကြံ့ခိုင်ရေးပါတီရဲ့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက အဲ့ဒီလို တောင်းဆိုလိုက်တာပါ။

● ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ရယ်ပြုတဲ့အနေနဲ့ နိဒါန်း ၁ မှ ၄၅၇ အထိ ပြင်ဆင်မယ်လို့ လွှတ်တော်တွင်း ကြွေးနေကြတာတွေကလည်း ဖျက်ဆီးရေးကို ဦးတည်နေပြီး အခြေခံဥပဒေ ပုဒ်မ ၃၈၄ “နိုင်ငံသားတိုင်သည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည်” ဆိုတဲ့ ပြဌာန်းချက်ကို ဖောက်ဖျက်ရာ မရောက်အောင် အချိန်မှိ တားဆီးပေးဖို့ကိုလည်း တောင်းဆိုထား ပါတယ်။

● အလားတူအခြေခံဥပဒေ ပြင်ဆင်ရေးကနေ ဖျက်ဆီးရေးကို ဦးတည်နေတဲ့ လူထုလှုံ့ဆော်မှုတွေကိုလည်း ထိန်းသိမ်းပေးဖို့နဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းထားတာပါ။

● အပြည်အစုံကို MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “မှတ်သားလောက်စရာ ပြောစကား” (Quote Of The Day) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6