ပုဒ္မ ၂၆၁ ျပင္ဆင္ေရး ေဆြးေႏြးမႈေတြေၾကာင့္ တုိင္းျပည္ နစ္နာလွၿပီဟု NLD ဆို

0
208

● အေျခခံဥပေဒျပဌာန္းခ်က္ပါ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္တြင္း အခုလို ေဆြးေႏြးမႈေတြေၾကာင့္ တုိင္းျပည္လည္း နစ္နာလွၿပီလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ မႏၱေလးတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ (၁၀) က အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ျမင့္ဦးက ေျပာၾကားလိုက္ပါတယ္။

● ဒီကေန႔ မတ္ ၁၂ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းမွာ ပုဒ္မ ၂၆၁ ျပင္ဆင္ေရး ဥပေဒနဲ႔ ပတ္သက္ၿပီး အဲ့ဒီ ဥပေဒၾကမ္းကို ေလ့လာစိစစ္သံုးသပ္တဲ့ ပူးေပါင္းေကာ္မရွင္ရဲ႕ အစီရင္ခံစာနဲ႔ပတ္သက္ၿပီး ေဆြးေႏြးစဥ္ သူက ေျပာၾကားခဲ့တာပါ။

● ဒီလိုေျပာၾကားရာမွာေတာ့ အေျခခံဥပေဒ ျပင္ဆင္ေရးေဆာင္ရြက္ရာမွာ လႊတ္ေတာ္တြင္းမွာ အစိုးရဖြဲ႔ႏိုင္ေလာက္ေအာင္ ရထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အားကိုလည္း ထည့္တြက္ဖို႔လိုတယ္လို႔ လည္း သူက ေျပာၾကားခဲ့တာပါ။

● ဒါ့အျပင္ ဥပေဒၾကမ္းမွာ ပုဒ္မ ၂၆၁ တစ္ခုတည္းကို ျပင္ဆင္ဖို႔ တင္သြင္းထားတာေၾကာင့္ ဆက္စပ္ တျခားပုဒ္မေတြကို တစ္ခုခ်င္းစီကို အႀကိမ္ႀကိမ္ လိုက္ျပင္ဆင္ရမယ့္ အေျခအေနမ်ိဳးေတြ ျဖစ္ေနတာ၊ ဥပပေဒအရ ဥပေဒၾကမ္းမွာ ပါ၀င္တဲ့ ပုဒ္မ ေတြကိုသာ ေဆြးေႏြးခြင့္ရွိတာ၊ ၂၁ ရာစုပင္လံုက ခ်မွတ္ထားတဲ့ အေျခခံ မူေတြနဲ႔အညီ ျပင္ဆင္ေရး ေဆာင္ရြက္ရမွာေတြ ရွိေနတာေၾကာင့္ ၄၅ ဦးပါ ေကာ္မတီရဲ႕ လုပ္ငန္းစဥ္ေတြထဲ ထည့္သြင္းေဆာင္ရြက္ဖို႔ ေကာ္မတီရဲ႕ အစီရင္ခံစာကို ေထာက္ခံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

● ျပည္အစံုကိုေတာ့ MCN သတင္းဌာနက စီစဥ္တင္ဆက္ေပးေနတဲ့ “မွတ္သားေလာက္စရာ ေျပာစကား” (Quote Of The Day) အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။

● အခြေခံဥပဒေပြဌာန်းချက်ပါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်တွင်း အခုလို ဆွေးနွေးမှုတွေကြောင့် တိုင်းပြည်လည်း နစ်နာလှပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၀) က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက ပြောကြားလိုက်ပါတယ်။

● ဒီကနေ့ မတ် ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေနဲ့ ပတ်သက်ပြီး အဲ့ဒီ ဥပဒေကြမ်းကို လေ့လာစိစစ်သုံးသပ်တဲ့ ပူးပေါင်းကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးစဉ် သူက ပြောကြားခဲ့တာပါ။

● ဒီလိုပြောကြားရာမှာတော့ အခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရာမှာ လွှတ်တော်တွင်းမှာ အစိုးရဖွဲ့နိုင်လောက်အောင် ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားကိုလည်း ထည့်တွက်ဖို့လိုတယ်လို့ လည်း သူက ပြောကြားခဲ့တာပါ။

● ဒါ့အပြင် ဥပဒေကြမ်းမှာ ပုဒ်မ ၂၆၁ တစ်ခုတည်းကို ပြင်ဆင်ဖို့ တင်သွင်းထားတာကြောင့် ဆက်စပ် တခြားပုဒ်မတွေကို တစ်ခုချင်းစီကို အကြိမ်ကြိမ် လိုက်ပြင်ဆင်ရမယ့် အခြေအနေမျိုးတွေ ဖြစ်နေတာ၊ ဥပပဒေအရ ဥပဒေကြမ်းမှာ ပါဝင်တဲ့ ပုဒ်မ တွေကိုသာ ဆွေးနွေးခွင့်ရှိတာ၊ ၂၁ ရာစုပင်လုံက ချမှတ်ထားတဲ့ အခြေခံ မူတွေနဲ့အညီ ပြင်ဆင်ရေး ဆောင်ရွက်ရမှာတွေ ရှိနေတာကြောင့် ၄၅ ဦးပါ ကော်မတီရဲ့ လုပ်ငန်းစဉ်တွေထဲ ထည့်သွင်းဆောင်ရွက်ဖို့ ကော်မတီရဲ့ အစီရင်ခံစာကို ထောက်ခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

● ပြည်အစုံကိုတော့ MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “မှတ်သားလောက်စရာ ပြောစကား” (Quote Of The Day) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

?bph6