“ကမ္ဘာ့သတင်းတွေထဲက မြန်မာ” “Myanmar In World News”
0
115
မင်္ဂလာပါခင်ဗျာ။ MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “ကမ္ဘာ့သတင်းတွေထဲက မြန်မာ” အစီအစဉ်က ကြိုဆိုပါတယ်။ ဒီအစီအစဉ်မှာဆိုရင်တော့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေထဲက ထိပ်တန်းရောက်သတင်းတွေကို ထုတ်နုတ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ ကြာသပတေးနေ့
နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေမှာဆိုရင်တော့ –
● ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ လွတ်လပ်ခွင့်ဆု ပြန်လည်ရုပ်သိမ်းမှုကို အိုင်ယာလန်ရှိ ဘင်္ဂါလီ မွတ်စလင် အသိုင်းအဝိုင်းက ကြိုဆိုလိုက်တဲ့သတင်း
● ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ရေး မြန်မာအစိုးရကို မပြောပေးနိုင်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့အကြောင်း
● ဘင်္ဂါလီ မွတ်စလင်တွေ အပါအဝင် ပြည်နှင်ဒဏ်ပေးခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ဦး ရှိတယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်တဲ့သတင်း
စတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကမ္ဘာ့သတင်းမီဒီယာအသီးသီးမှာ ထိပ်တန်းကို ရောက်ရှိနေကြတဲ့ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
?bph6