“ကမ္ဘာ့သတင်းတွေထဲက မြန်မာ” “Myanmar In World News”
0
94
မင်္ဂလာပါခင်ဗျာ။ MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “ကမ္ဘာ့သတင်းတွေထဲက မြန်မာ” အစီအစဉ်က ကြိုဆိုပါတယ်။ ဒီအစီအစဉ်မှာဆိုရင်တော့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေထဲက ထိပ်တန်းရောက်သတင်းတွေကို ထုတ်နုတ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၉ ခုနှစ်၊ မေ ၂၀ ရက်၊ တနင်္လာနေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေမှာဆိုရင်တော့ –
HL.1 ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် ဝိသာခါနေ့ အခမ်းအနား ဖွင့်ပွဲပြုလုပ်ခဲ့တဲ့သတင်း
HL.2 ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၁၀ဝ မပေးဖို့ ကမ္ဘာ့ဘဏ်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးနေတဲ့အကြောင်း
HL.3 နေရပ်ပြန်ရေး အထောက်အထားအဖြစ် သုံးနိုင်မယ့် ID ကတ်ကို ဒုက္ခသည်စခန်းက ဘင်္ဂါလီ မွတ်စလင် ၂ သိန်းခွဲကျော်ကို မှတ်ပုံတင်ပြီး ပေးအပ်ခဲ့တဲ့သတင်း
စတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကမ္ဘာ့သတင်းမီဒီယာအသီးသီးမှာ ထိပ်တန်းကို ရောက်ရှိနေကြတဲ့ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။